အခန်း (၁၂၆ - ခ)

195 28 4
                                    

Unicode

သူမ ဘက်မှ ကုသမှုအစီအစဉ်များ ဆွေးနွေးမှုပြုချိန်တိုင်းတွင် Ceng Xing သည် အမြဲပင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှုပြုသည်။ ထို့ကြောင့် အခြားသူများကမူ သူသည် Cheng Xi ထံမှ တစ်ကြိမ်တစ်ခါ အကူညီခံလိုက်ရသဖြင့် ကိုယ့်ကိုယ်ကိုယ် သက်သေပြလိုသည့်အတွက် လုပ်နေခြင်းဖြစ်၍ အမြင်ကျဉ်းသူတစ်ယောက်အဖြစ်သာ သတ်မှတ်လိုက်ကြသည်။ သို့သော် ထိုသို့လုပ်ရခြင်းသည် သူ့အနေဖြင့် သူမ၏ကုသရေးနည်းလမ်းများကို အမှန်ပင် မယုံကြည်သည့်အတွက်ဖြစ်သည်ကို Cheng Xi သိနေသည်- စိတ်ခံစားမှုကင်းမဲ့ခြင်း ဝေဒနာရှိနေသည့် လူနာတစ်ယောက်နှင့် တွဲရန်အထိပင် ရဲတင်းလွန်းလှသည့် သူမ၏ကုသမှုအစီစဉ်ကို မည်သို့လက်ခံနိုင်ပါမည်နည်း။ ထို့ကြောင့် ရွေးချယ်မှုမရှိသည့် သူ့အနေဖြင့် အတိုက်အခံပြုရခြင်းပင်!

သို့သော် ဌာနမှကျင်းပသည့် ပါတီပွဲများ၌မူ ဤသို့သော မယုတ်မလွန်စကားများဖြင့် သူမအပေါ် အနည်းငယ် ကောင်းကောင်းမွန်မွန် ဆက်ဆံ​ပေးလေသည်။ "ဒေါက်တာ Cheng ၊ လာလေ။ တစ်ခွက်လောက် သောက်ပါဦး။" သို့မဟုတ် "ဒေါက်တာ Cheng ၊ ငါတို့အတွက် တစ်ခုခုတော့ လုပ်ပြပါလား။" ဟူသတည်း။

သို့တိုင်အောင် Cheng Xi စိတ်ထဲ၌ ပြဿနာအစိုင်အခဲကြီးတစ်ခု ရှိနေဆဲပင်ဖြစ်သည်။

ထိုစီနီယာနှင့် Shen Wei တို့ကြောင့် သူမ နှစ်သစ်မှစ၍ အလုပ်များခဲ့ရသည်။ ထို့နေ့ နေ့လည်ခင်းတွင် Shen Wei သူမကိုဖုန်းခေါ်ကာ အပြင်တွင်တွေ့ကြရန် ပြောလာသည်။ "Rou ကပြောတယ် - နင်နဲ့ Lu Chenzhou က တော်တော်လေး အဆင်ပြေနေတယ်ဆို၊ ဟုတ်လား။ အတူတူ ထမင်းလက်စုံစားရအောင်လေ၊ သူ့ကိုလည်း တစ်ခါတည်းခေါ်ခဲ့ပေါ့။"

သူမလေသံက စိတ်အေးလက်အေးနှင့် ကြည်သာရွှင်ပျနေပြီး Cheng Xi ကိုပင် စနောက်လိုက်သေးသည်။

Shen Wei ၏အခြေအနေသည် အလွန်ထူးခြားသည်ဖြစ်၍ သူ့ဘက်မှ ဖိတ်ကြားချက်တစ်စုံတစ်ရာ ပြုလာလျှင် Cheng Xi သေချာပေါက် သွားမည်သာဖြစ်သည်။ သို့သော် သူမနှင့်အတူလိုက်ရန် Lu Chenzhou ကို မခေါ်ခဲ့ပေ၊ ထို့ကြောင့် သူ မပါသည်ကို Shen Wei တွေ့သည့်အခါ ဖုန်းခေါ်ပေးရန် Fu Mingyi ကို ပူဆာတော့သည်။ "သူ့ကို ဖုန်းဆက်ပါဦး။ Cheng Xi ဒီမှာရောက်နေတာဆိုတော့ သူလာမယ်ဆိုတာ ကျွန်မလောင်းရဲတယ်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now