အခန်း (၈၀)

541 80 0
                                    

Unicode - ရှင် ရှက်နေတာလား။

ဤသည်မှာ သူနှင့် Cheng Xi စတွေ့ဖြစ်သည့်အချိန်မှစ၍ Lu Chenzhou က အခြားသူများ၏ စိတ်ခံစားချက်ကို မေးလာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ရိုးသားစွာပြောရလျှင် သူမ အနည်းငယ် အံ့ဩသွားသည်။ ထို့ပြင် Lu Chenzhou ၏ ထိုသို့သောအပြုအမူကို သူမ ထောက်ခံအားပေးလိုသဖြင့် လက်အိတ်စွပ်ထားသည့်လက်ဖြင့် မျက်နှာပေါ်မှ mask ကိုကိုင်ကာ သက်ပြင်းလေးချရင်း ပြောလာသည်က "ကျွန်မ ဒီလိုဝတ်ထားတာတောင်မှ ရှင်က ပြောနိုင်တယ်နော်။"

Lu Chenzhou က နှာခေါင်းရှုံ့လာပြီး Cheng Xi လည်း ပန်းကန်ကို ပြန်ချထားလိုက်သည်။ သူစားသောက်ပြီးသည်နှင့် သူနာပြုဆရာမက လာရောက်သိမ်းဆည်းသွားကာ Cheng Xi ကမူ သူမ ခေါင်းကိုလက်ဖြင့်ထောက်ရင်း သူ့ကို သေသေချာချာ ကြည့်နေလေသည်။

သူမ၏တောက်ပစူးရှသည့် မျက်လုံးလေးများဖြင့် သူ့ကို တည့်တည့်ငေးကြည့်နေပြီး မျက်ဝန်းတို့က အနည်းငယ်ကွေးနေပုံမှာ သူ့နှလုံးသားထဲသို့ ရောက်သည့်အထိ လူကိုထိုးဖောက်သွားသကဲ့သို့ပင် ဖြစ်သည်။ ခပ်ပေါပေါအချစ်ဝတ္ထုစာအုပ် တစ်အုပ်ထဲ၌ Lu Chenzhou ဖတ်ခဲ့ဖူးသည်မှာ အကယ်၍ သူမသာ သင့်ကိုကြိုက်လျှင် သူမ၏မျက်ဝန်းများက ကြယ်တာရာများနှင့် ပြည့်နေပေလိမ့်မည်။ 🤩

ထိုသို့သော တင်စားဖွဲ့ဆိုမှုများကို သူ ပြယ်ရယ်ပြုခဲ့ဖူးသော်လည်း ယခုမူ သူမ၏မျက်ဝန်းများထဲတွင် ကြယ်ကလေးများ ပြည့်နေသည်နှင့် အမှန်ပင်တူနေလေသည်။ မည်သည့်အတွက်ကြောင့် ထိုသို့သူခံစားမိသွားသည်ကို သူလည်းမသိပေ - ဖြစ်နိုင်သည်မှာ သူမ၏နူးညံ့သိမ့်မွေ့မှုနှင့် လေသံတို့ကြောင့်လားမသိ၊ သူမ မည်သည့်အရာနှင့်ကြုံတွေ့သည်ဖြစ်စေ ထိုမျက်ဝန်းများက အမြဲတစေပြုံးနေတတ်ပြီး သူမ၏ ရဲရင့်ပြတ်သားမှုတို့ကလည်း မည်သည့်အခါကမှပင် ဘယ်အရာကိုမှ ကြောက်ရွံ့ပုံမပေါ်။

Cheng Xi တစ်ယောက် သူမရှေ့မှ Mr. Lu မှာ ရုတ်တရက်ဆိုသလို အလွန်ပင် တည်ကြည်လေးနက်သည့် ဟန်အမူအရာအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ၏ နားရွက်လေးများက နီနီရဲရဲကလေး ဖြစ်နေလေသည်။ ယခင်အချိန်ကသာဆိုလျှင် သူမ Lu Chenzhou ကို ဒေါသထွက်အောင် လုပ်မိသွားခြင်းဖြစ်သည်ဟု ယူဆလိုက်မည်ဖြစ်သည်။ သို့သော် ယခု သူ၏တစ်မျိုးတစ်ဖုံ ထူးခြားနေသည့် အမူအရာအရ၊ သူမ ခန့်မှန်းလိုက်သည်မှာ... Lu Chenzhou က ရှက်နေခြင်းပေလား။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now