အခန်း (၁၀၈)

483 60 0
                                    

Unicode - ရှင်ကြောင့် ကလေးတွေ လန့်သွားဦးမယ်

ဤသို့ လူမြင်ကွင်း၌ ချစ်ကြင်နာပြနေကြသည်ကို ရုတ်တရက်တွေ့လိုက်ရသည့်အခါ Lu Chenzhou ၏ညီဖြစ်သူက မမြင်ချင်ယောင်ဆောင်၍ နေသွားရန်သာ ဆုံးဖြတ်ထားလိုက်သည်!

သို့သော် Lu Chenzhou နှင့် Cheng Xi တို့က ထိုည တစ်ညလုံးတွင် တစ်ယောက်နှင့်တစ်ယောက် အလွန်အေးတိအေးစက်ဆန်ဆန်သာ ပြုမူနေခဲ့ကြပြန်သဖြင့် သိချင်စိတ်များကို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားသည်။ ဤသို့ဖြင့် သူတို့သည် အမှန်တွဲနေကြသူများ မဖြစ်နိုင်လောက်ဟူ၍ ကျန်နှစ်ယောက်က သံသယဝင်လာချိန်တွင် ရွန်းရွန်းစားစား စိုက်ကြည့်နေကြသည့် မျက်ဝန်းတို့နှင့် မိတ်ဆက်သွားရတော့သည်။

OMG! Lu Chenzhou က မိန်းကလေးတွေကို မစနောက်တတ်ဘူးလို့ ဘယ်သူပြောတာလဲ။

ထိုသို့သောအတွေးများက ဘေးလူနှစ်ယောက်၏ ခေါင်းထဲတွင် နေရာယူထားကြချိန်၌ Lu Chenzhou ကမူ Cheng Xi ၏လက်ကို ကိုင်ထားဆဲဖြစ်ပြီး သူမအား စိမ်ပြေနပြေ ကြည့်နေလေသည်။ သူ့အသွင်က 'မင်းကတ်ကို မြန်မြန် ထုတ်ကစားတော့။ ငါမစောင့်နိုင်တော့ဘူး။' ဟူ၍ ပြောနေသည်နှင့် တူသည်။

မျက်နှာတည်လေးဖြင့် ဟန်ဆောင်စိတ်တင်းထားသည့် Cheng Xi ၏အမူအရာလေး ပျက်သွားသော်လည်း ယခုအချိန်၌မူ သူမသည် Lu Chenzhou ၏အကျင့်စရိုက်များနှင့် အနည်းဆုံးတော့ အသားကျလာပြီဖြစ်သည့်အတွက် ခန့်မှန်းရခက်၍ အပြောင်းအလဲမြန်သော သူ၏အပြုအမူများနှင့် အံဝင်ခွင်ကျဖြစ်အောင် အလျင်အမြန် လုပ်ယူလိုက်နိုင်သွားသည်။

ရံဖန်ရံခါ၌ သူမက Lu Chenzhou နှင့်ပင် လိုက်ဖက်ညီစွာ အလိုက်သင့်လေး ပြန်ပြောလိုက်ချိန်များလည်း ရှိသည်။ သူမလက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ထဲမှ Cheng Xi ပြန်ရုန်းထွက်လိုက်ပြီး လေးနက်တည်ကြည်သည့် အမူအရာဖြင့် "နောက်ဆို ဒီလို ဗြုန်းစားကြီး ထမပြောနဲ့။" ဟု သတိပေးစကားဆိုကာ အခြားနှစ်ယောက်ကို ကြည့်၍ "ရှင်ကြောင့် ကလေးတွေ လန့်သွားဦးမယ်။"

ထိုကလေးနှစ်ယောက်မှာ ဘာစကားတစ်ခွန်းမှပင် မပြောနိုင်တော့။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now