အခန်း (၅၀)

802 130 2
                                    

Unicode - မင်းငါ့ကို မြှူဆွယ်ဖို့ လုပ်နေတာလား

ရင်နှီးနေသည့်အသံဖြစ်ပြီး ထိုလူ၏ စကားပြောဟန်ကိုလည်း လုံးဝအကျွမ်းတဝင်ရှိနေသည်။

Lu Chenzhou ၏သူငယ်ချင်း Baldy က အလွန့်အလွန် ကိုးရိုးကားရားနိုင်လှသည့် အခြေအနေမျိုးတွင် ရောက်ချလာတတ်ခြင်းဖြစ်သည်။

Cheng Xi သူ့ကို အိမ်၌ ဆိုင်းမဆင့်ဗုံမဆင့် တွေ့လိုက်ရသည့်အခါ အမှန်ပင် အံ့အားသင့်သွားရသည်။ မတ်တတ်ထရပ်ရန် သူမ ကြိုးစားနေရင်းနှင့် သူမ၏လက်ရှိအနေအထားကို ဂရုမစိုက်အားသေးဘဲ နောက်လှည့်ကာ သူ့ကိုလှမ်းကြည့်ရသည်။ "ရှင် ဘယ်လို အိမ်ထဲဝင်လာတာလဲ။"

Baldy က အလန့်တကြား ထခုန်ကာ ထိုစကားများပြောပြီးသည်နှင့် ချက်ချင်းဖုန်းထုတ်ကာ သက်သေအဖြစ်မှတ်တမ်းယူရန် ဓာတ်ပုံရိုက်လေတော့သည်။ ချလပ်၊ ချလပ်၊ ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ သိမ်းထားလိုက်သည်။ နောက်ဆုံး စိတ်ကျေနပ်သည်အထိ လုပ်ပြီးသည့်အခါ ဒေါနှင့်မောဖြင့် အော်ပြောတော့သည်။

"မင်းရဲ့ အိမ်ရှေ့တံခါးမကြီးက ဒီတိုင်းဖွင့်ထားတာလေ၊ ဒီတိုင်းဝင်လာတာပေါ့ကွ!" သူမျက်မှောင်ကြုတ်ကာ ထိုလူနှစ်ယောက်ကိုကြည့်လိုက်သည်။ "ဒေါက်တာ Cheng ၊ မင်းက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါလုံးဝမထင်ခဲ့တာအမှန်ပဲ။ မင်း သတ္တိတွေ သိပ်ကောင်းနေပါလား! ကိုယ့်ကိုယ့်ကိုယ် အတော်လေး ဘဝင်မြင့်နေပုံပဲ၊ ဟုတ်တယ်မလား။ အိမ်တံခါးမပိတ်ဘဲနဲ့တောင် ပူးပူးကပ်ကပ် လုံးထွေးပြီးနေရဲနေတာ!"

သူသုံးလိုက်သည့် စကားလုံးများက အတော်လေးနားကြားပြင်းကပ်စရာ ကောင်းသည်။ Cheng Xi မျက်မှောင်ကြုတ်သွားရကာ သူ့ကို လျစ်လျူရှုပြီး Lin Fan ဆီသို့သာ အာရုံစိုက်ထားလိုက်ရတော့သည်။ သူ့ကြည့်ရသည်မှာ အနည်းငယ်ပို၍ ခေါင်းကြည်လာပုံပေါ်သည်။ အိမ်ထဲသို့ လူတစ်ယောက်ဝင်လာကြောင်းကို သတိထားမိသည့်အတွက် သူမ အနေရခက်အောင် ဆက်မလုပ်တော့ဘဲ ဆိုဖာပေါ်၌သာ ငြိမ်ငြိမ်ကလေး လှဲနေတော့သည်။

ဆုပ်ကိုင်ထားသည့် သူ၏လက်တို့ အားလျော့သွားသည်ကို ခံစားမိသည့်အခါ Cheng Xi သူနှင့်ဝေးရာသို့ ချက်ချင်းသွားတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now