အခန်း (၄၄)

751 140 4
                                    

Unicode - လျော်ကြေးငွေ

မနက်ဖြန်တွင် အားလုံး အလုပ်လုပ်ကြရဦးမည်ဖြစ်၍ Cheng Xi နှင့် Cai Yi တို့လည်း ညစာစားပြီးသည့်အခါ လမ်းခွဲလိုက်ကြပြီး ကိုယ့်နေရာအသီးသီးသို့ အလျှိုလျှိုပြန်သွားကြတော့သည်။

အားလုံးပြန်သွားကြပြီးနောက်တွင် Cheng Xi ကားငှားစီးရန်အတွက် လမ်းနံဘေးတွင် ရပ်လိုက်သည်။ သို့သော် မကြာခင်မှာပင် လူတစ်ယောက်က သူမ ညာဘက်ပခုံးကိုလာပုတ်သဖြင့် Cheng Xi က ဘယ်ဘက်သို့ အလိုလိုလှည့်ကြည့်မိသွားသည်။

ထင်ထားသည့်အတိုင်းပင် သူမထက် အနည်းငယ် နောက်ရောက်သည့်နေရာ၊ ဘယ်ဘက်ခြမ်းတွင် Lin Fan က မတ်တတ်ရပ်နေခြင်းဖြစ်သည်။ Cheng Xi နောက်လှည့်လာသည်ကိုတွေ့သည့်အခါ သူ့မျက်နှာပေါ်တွင် အပြုံးတို့ဖြစ်ပေါ်လာသည်။ "ဟ၊ ငါကတော့ နင့်ကို ဘယ်လိုမှ လှည့်စားလို့မရဘူးပဲ။"

ဤကစားနည်းက သူမတို့နှစ်ယောက်ငယ်စဉ်က ကစားဖြစ်ခဲ့ကြသည့်နည်းပင် ဖြစ်သည်။ အချိန်အခိုက်အတန့် တစ်ခုကြာအောင် အတန်းထဲတွင် Lin Fan က Cheng Xi နောက်တွင် ထိုင်ဖြစ်ခဲ့သည်။ နှစ်ယောက်လုံးက ပြတင်းပေါက်နားတွင် နေရာယူထားခြင်းဖြစ်၍ Cheng Xi က အတန်းချိန်ပြီးလျှင် အဝေးသို့လှမ်းငေးကြည့်ရင်း အပန်းဖြေလေ့ရှိသည်။ ထိုသို့ သူမ ငေးနေသည်ကို တွေ့သည့်အခါတိုင်း Lin Fan က ညာဘက်တွင်နေကာ သူမ ဘယ်ဘက်ပခုံးကိုပုတ်သည်၊ သို့မဟုတ် ဘယ်ဘက်တွင်နေကာ သူမ ညာဘက်ပခုံးကို ပုတ်လေ့ရှိသည်။

သို့သော် Cheng Xi က သူ့လှည့်ကွက်ထဲသို့ မည်သည့်အခါကမှပင် ကျရှုံးသွားသည်ဟူ၍မရှိဘဲ အကြိမ်တိုင်းတွင် မှန်သည့်ဘက်ကိုသာ ရွေးချယ်သွားစမြဲဖြစ်သည်။ Cheng Xi က  သူ၏ ကလေးကလားဆန်ပုံကိုတွေ့သည့်အခါ ရယ်ရင်း "နင် ထပ်စမ်းကြည့်မလား။"

ဤသို့ဖြင့် Lin Fan က သူရပ်နေခဲ့သည့်နေရာသို့ နောက်ပြန်ဆုတ်ကာ သူမ ပခုံးကို နောက်တစ်ကြိမ်ထပ်ပုတ်သည်။ Cheng Xi နောက်လှည့်ကြည့်အခါ မည်သူ့ကိုမှ မတွေ့ရသဖြင့် နောက်တစ်ဖက်သို့လှည့်လိုက်ပြီး အံ့ဩတကြီးဖြစ်နေဟန်ဖြင့် ပြောတော့သည်။ "ဟယ်၊ နင်ကိုး!"

သူမ သရုပ်ဆောင်နေပုံက အလွန်အမင်း ချဲ့ကားလုပ်ထားခြင်းဖြစ်၍ Lin Fan လည်း မအောင့်နိုင်တော့ဘဲ ရယ်သွားသကဲ့သို့ Cheng Xi လည်း ရယ်တော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now