အခန်း (၁၂၈)

227 35 2
                                    

Unicode - မင်းရဲ့အချိုဓာတ်

Lu Chenzhou ထံမှ တုံ့ပြန်မှုမပြုလာသေးခင်မှာပင် Cheng Xi နောက်ပြန်ဆုတ်၍ ရပ်လိုက်ပြီဖြစ်သည်။ ထို့နောက်တွင် စူးရှသည့်အသံတစ်သံကို ကြားရလေသည်။ "ဒေါက်တာ Cheng? Lu...... Lu Chenzhou?"

Cheng Xi လည်း အံ့အားသင့်သွားမိသည်၊ "......"

သူမတို့ကို မည်သူမှ သတိမပြုမိလောက်ပါဟု ထင်ထားခဲ့ခြင်းတို့က မည်သို့ဖြစ်သွားပြီနည်း။

နောက်လှည်ကြည့်လိုက်သည့်အခါ စောစောက ကြည်နူးဘဝင်ခိုက်နေသည့် ရင်ခုန်သံတို့က ပျောက်ကွယ်သွားတော့သည်။ သူမတို့အနားတွင် လူနှစ်ယောက်ရပ်နေကြပြီး ထိုသူတို့သည် သာမန်အသိမိတ်ဆွေဟု ဆိုခြင်းထက်ပိုသည်။ သူမနှင့် ထိုသူတို့၏ပတ်သက်ဆက်နွယ်မှုက အမှန်ပင် ရှုပ်ထွေးနေသည်။

Lin Fan နှင့် Meng Qingyang ဖြစ်သည်။

ဤသို့သောတိုက်ဆိုင်မှုမျိုးက မည်သို့မည်ပုံ ဖြစ်လာရသနည်း။

ထိုနှစ်ယောက်ကိုကြည့်ရသည်မှာ ယခုမှဈေးဝယ်ပြီးကြပုံရပြီး နှစ်ယောက်သား လက်ချင်းတွဲထားကာ Lin Fan သည် အားလပ်နေသည့် ကျန်လက်တစ်ဖက်ဖြင့် အိတ်ကြီး၊ အိတ်ငယ်အသွယ်သွယ်ကို ကိုင်ထားသည်။

Cheng Xi နှင့် Lu Chenzhou ကိုတွေ့သည့်အခါ Meng Qingyang ၏မျက်နှာတွင် အံ့ဩသွားပုံပေါ်သည့်တိုင် Lin Fan ၏မျက်နှာအမူအရာတို့ကမူ ခံစားချက်မပါ၊ ပြောင်းလဲမှုမရှိသည့် မျက်နှာသေနှင့် ဖြစ်သည်။

Lu Chenzhou သည်လည်း အရယ်အပြုံးကင်းသည့် မျက်နှာတည်နှင့်ပင် ရှိနေသည်။ သူသည် ပုံမှန်အခြေအနေများတွင် 'မရင်းနှီးသူ' များနှင့် နှုတ်ဆက်ခြင်းပင် ပြုလေ့မရှိသဖြင့် ထိုသူတို့ကို တစ်ချက်ကလေး လှမ်းကြည့်လျှင်ပင် ဂုဏ်ယူစရာကောင်းနေပြီ ဖြစ်သည်။ သူ၏အေးတိအေးစက်ဆန်ဆန် ရှိနေတတ်မှုတို့က ယခုကဲ့သို့သော အချိန်မျိုးတွင် အထူးသဖြင့် ထင်ရှားပေါ်လွင်နေသည် - ဘေးမှအသံပြု၍ ကြားဖြတ်နှောင့်ယှက်ခြင်းက အလွန်ယဉ်ကျေးမှုမရှိသည့် လုပ်ရပ်ပင် မဟုတ်လား။

ထို့ကြောင့် Cheng Xi အနေဖြင့် စေ့စပ်ဖျန်ဖြေမှု လုပ်ပေးရတော့မည် ဖြစ်သည်။ သူမသည် Lu Chenzhou ကို မကြာခင်သေးခင်အချိန်ကမှ ခိုးကြောင်ခိုးဝှက်' နမ်းလိုက်ခြင်းကြောင့်လားမသိ၊ မျက်နှာပေါ်၌ အပြုံးရိပ်တို့ ထင်ကျန်နေသည်။ သူမကိုယ်တိုင်လည်း အံ့ဩသွားမိသဖြင့် အချိန်ခဏကြာပြီးနောက်မှ သတိပြန်ဝင်လာကာ ပြုံးလျက်ပြောလိုက်သည်က "အိုး၊ ရှင်တို့နှစ်ယောက်ပဲ......... Happy New Year နော်!"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now