အခန်း (၁၂၄ - က)

231 28 2
                                    

Unicode - ဒါမျိုးတွေက ကိုင်လို့မကောင်းဘူး

သုံးယောက်စလုံး Lu Chenzhou ထံမှ အလှည့်ကျ နှုတ်ဖြင့်စောကားခံရပြီးချိန်တွင် အားလုံး ငြိမ်ကုပ်သွားသည်။ တိုက်ဆိုင်စွာပင် မှာထားသည့်အစားအသောက်များ ရောက်လာသဖြင့် ထမင်းစားတူများကို အသာတကြည့်ယူကာ စစားလိုက်ကြသည်။

Cheng Xi ၏ဘယ်ဘက်ခြမ်းတွင် Lu Chenzhou ထိုင်နေပြီး ညာဘက်ခြမ်း၌မူ Tian Rou ရှိနေသည်။ အချိန်ခဏကြာပြီးနောက်တွင် Tian Rou သည် သူမ၏နဂိုဗီဇစွမ်းအင်တို့ ပြန်လည်ပြည့်ဖြိုးသွားပြီဖြစ်၍ Baldy ကို လက်ဖြင့်လှမ်းတို့လာသည်။ "သူက ရှင့်ကို single လို့ပြောလိုက်တယ်လေ။ ဘာမှ မချေပတော့ဘူးလား။"

Lu Chenzhou ၏အငွေ့အသက်တို့က အလွန်ပင်ရှိန်စရာကောင်းနေသည့်အတွက် Tian Rou တွင် သူမတစ်ယောက်တည်း တုံ့ပြန်ပြောဆိုရန် သတ္တိမရှိ၊ ထို့ကြောင့် Baldy နှင့် ရှူးတိုက်ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် Baldy သည် သူမ ထက်ပင် Lu Chenzhou ကို ပိုမိုကြောက်နေလိမ့်မည်ဟု မည်သူထင်ထားလိမ့်မည်နည်း၊ Baldy သူမလက်ကို ဖမ်းကိုင်လိုက်ပြီး ဟန်ဖို့၍ ပြောလိုက်ရသည်မှာ "သူက အစကတည်းက မှန်တာပြောနေတာပဲလေ။" ဟုဖြစ်သော်လည်း သူ့စိတ်ထဲမှ ငိုသံပါကြီးနှင့် အော်ဟစ်ပြောနေသည်မှာ "ကျေးဇူးပြုပြီး တော်ပါတော့ မရွှေချော! ဘောစ့် Lu စိတ်တိုနေပြီ။"

ဤသို့ဖြင့် ညစာစားကြပြီးနောက်တွင် ထိုနှစ်ယောက်မှာ အကြောင်းပြချက်ကိုယ်စီဖြင့် ချက်ချင်းဆိုသလို ရှောင်ထွက်သွားကြလေသည်။ Baldy ပြောသည်က "ဟို၊ ငါ ဆေးလိပ်သွားသောက်ဦးမယ်။" Tian Rou ကလည်း "အိုး၊ ငါ ဖုန်းသွားဆက်ဦးမယ်။" ဟူ၍ဖြစ်သတည်း။

သို့သော် ဆေးလိပ်သွားသောက်ရန်နှင့် ဖုန်းခေါ်ရန်ထွက်သွားကြသည့်နှစ်ယောက်က ပြန်ပေါ်မလာကြတော့။

Tian Rou ပျောက်သွားပြီး မကြာခင်မှာပင် သူ့ထံမှ Cheng Xi ဆီသို့ မက်ဆေချ့်တစ်စောင်ပို့လာသည်။ "နင့်ရဲ့ Mr. Lu ကြီး စိတ်ဆိုးနေတယ်၊ နင်အဆင်ပြေပါစေလို့ ငါဆုတောင်းပေးတယ်နော်။"

သူငယ်ချင်းဖြစ်သူ၏ မြန်မြန်ဆန်ဆန် ချန်ထားရစ်ခဲ့မှုကို ခံလိုက်ရသည့် Cheng Xi မှာ (Tian Rou ၏ ပြည့်ဝလှသည့် ဘော်ဒါစိတ်ထားကြောင့်) ဆွံ့အသွားမိလေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Waar verhalen tot leven komen. Ontdek het nu