အခန်း (၁၂၂ - က)

286 31 4
                                    

Unicode – ဒီအနမ်းက ခံစားလို့ကောင်းလား။

‎Ceng Xing ၏ ဦးတည်ရည်ရွယ်ချက်တို့ကို သူမ မသိသဖြင့် စိတ်ထဲ၌ စနိုးစနောင့်ဖြစ်သွားသည်။ သို့သော် သူမ၏ နဂိုအရင်းခံစိတ်ထားက သဘောကောင်းဖြူစင်သည့်အပြင် သူ့လက်ထဲမှ ရုန်းမရဘဲ ရှိနေခြင်းဖြစ်၍ အခြားသူများ ပိုမိုစိတ်ဝင်စား၊ စပ်စုလာကြမည်ကို ရှောင်ရှားရန်အတွက် ဆက်လက်ရုန်းကန်ခြင်းမပြုတော့ဘဲ ငြိမ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် Ceng Xing ဆီသို့ တည့်တည့်ကြည့်ကာ "ရှင် ဘာလုပ်တာလဲ။" ဟု မေးလိုက်သည်။

Ceng Xing ကိုယ်တိုင်လည်း သူဘာလုပ်နေမိမှန်း အမှန်ပင်မသိတော့။ သို့သော် Cheng Xi ကိုကြည့်မိချိန်တိုင်းတွင် မည်သည့်အတွက်ကြောင့်မှန်းမသိ လူက အသက်ရှုရခက်ကာ မွန်းကျပ်လာသည်။ "ဘာကြောင့်ရယ်လို့တော့ မဟုတ်ဘူး။ ငါမင်းကို မေးစရာတစ်ခုရှိတယ်။ ငါတို့နှစ်ယောက်က ဒီလောက်ကြီးမရင်းနှီးဘူးဆိုရင် မင်းဘာလို့ ငါ့ကို မနက်တုန်းက ကူညီခဲ့တာလဲ။"

‎Cheng Xi ဆွံ့အသွားသည်...... ကျွန်မ ရှင့်ကို မကူညီတဲ့အဖြစ်မျိုးပဲ လိုချင်နေတာလား။

"ငါက လူချမ်းသာတစ်ယောက်လို့ စောစောကတောင် မင်းပြောခဲ့တယ်နော်။" ထို့နောက် Ceng Xing သည် သူမအား အနည်းငယ် သံသယဖြစ်စရာကောင်းသည့် အကြည့်မျိုးဖြင့် ကြည့်လာသည့်အတွက် သူမ ပို၍ဇဝေဇဝါဖြစ်သွားရသည်။ "Cheng Xi ၊ မင်းငါ့ကို ကြိုက်နေတာမဟုတ်လား။"

‎"ဘာ?!"

အသံနှစ်သံက တစ်ချိန်တည်းတွင် တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ တစ်ခုမှာ Cheng Xi ထံမှဖြစ်ပြီး ကျန်တစ်ခုကမူ...... Cheng Xi နှင့် ‎Ceng Xing တို့နောက်လှည့်ကြည့်လိုက်သည့်အခါ ၎င်းတို့အနီးတွင် တအံ့တဩဖြစ်နေဟန်ရှိသည့် မျက်နှာနှင့် တောက်ပပြောင်လက်နေသည့် ဦးခေါင်းပြင်တစ်ခုကို တွေ့လိုက်ရသည်။

Baldy ကမူ နောက်လှည့်ပြီး Lu Chenzhou ဆီသို့ ပုံကြီးချဲ့ပြောလေသည်မှာ "ဒီနှစ်ယောက်ကြားမှာ သေချာပေါက် ကိစ္စတစ်ခုခု ရှိကိုရှိရမယ်! ဒေါက်တာ Cheng က သူ့ကိုကြိုက်နေပါတယ်လို့ ဒီလူပြောနေတာ။" ထို့နောက် Ceng Xing ရှိရာသို့ လက်ညိုးထိုးပြပြီး သူ၏ပင်ကိုအကျင့်သဘာဝအတိုင်း အထက်စီးဆန်ဆန်ပြောလာသည်၊ "ဒေါက်တာ Cheng ၊ မင်းက ဒီလောက်လေးတောင် အမြင်မရှိဘူးလား။ ဘာမှ တန်ဖိုးမရှိတဲ့ လူတစ်ယောက်အတွက်နဲ့ ဒီလောက် ချမ်းသာပြီး ဩဇာအာဏာလည်းရှိတဲ့အပြင် ရုပ်ချောတဲ့လူ(Lu Chenzhou)ကို မင်း တကယ်ကြီးလက်လွှတ်တော့မလို့လား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now