အခန်း (၁၃၀ - က)

278 36 0
                                    

Unicode - အချစ်ဦး?

ထို့နောက်တွင် သူမ Lu Chenzhou ဆီသို့ မက်ဆေချ့်တစ်စောင် ထပ်ပို့လိုက်သည်။

[တကယ်လို့ ချစ်သူနှစ်ယောက်က သူတို့ အချင်းချင်းကြားမှာ ပြင်းပြတဲ့ခံစားချက်တွေ ရှိနေတာမှန်နေရင် မိုးလင်းကနေမိုးချုပ်ထိ တပူးပူးတတွဲတွဲရှိနေစရာ မလိုပါဘူး။ သူတို့အကြာကြီး ခွဲခွာနေခဲ့ရရင်တောင် ပြန်ဆုံသွားတဲ့ အချိန်အခိုက်အတန့်မှာ မျက်ဝန်းအကြည့်တွေကတစ်ဆင့် တစ်ဦးအပေါ်ထားတဲ့ မေတ္တာကို သက်သေပြနိုင်တယ်။ ဒိတ်လုပ်တာလည်း ဒီလိုပဲ။ သဘာဝကျကျ ဒိတ်လုပ်တာတွေမှာ အမြဲပုံသေသတ်မှတ်ထားတဲ့ အချိန်ဇယားဆိုတာမျိုး မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခင်တွယ်တာနေကြသူတွေတောင် သူတို့ရဲ့ကိုယ်ပိုင်တာဝန်တွေ၊ ဝါသနာတွေ ရှိနေဆဲဖြစ်သလို ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ဆက်နေကြတာ။ အလုပ်များတဲ့အချိန်ဆိုရင် အလုပ်ကိုဦးစားပေးမယ်၊ အချိန်ရတဲ့အခါကျရင်တော့ တွေ့ဖို့လုပ်ကြမှာပဲ။ ဒါက ပုံမှန်ဆန်တဲ့ Relationship မျိုးပေါ့။]

Cheng Xi သူ့ကို ဤသို့ပင် တဲ့တိုးပြောလုနီးနီး ဖြစ်သွားရသည်၊ 'ဒီမယ်... အချိန်ဇယားတိုင်း ကြိုတင်သတ်မှတ်ထားတဲ့ ဒိတ်တွေနဲ့ပတ်သက်လို့ ရှင့်ဘက်က အရမ်းကြီး အစွဲအလန်းမထားပါနဲ့။ အချစ်ဆိုတာက ကွန်ပျူတာပရိုဂရပမ်မှ မဟုတ်တာ၊ ရှင်အလုပ်များနေရင် အဲဒီကာလမှာ ဒိတ်လုပ်တာလျှော့လို့ရတာပဲ၊ အိုခေ?'

ဤတစ်ကြိမ်၌မူ Lu Chenzhou ထံမှ မြန်မြန်ဆန်ဆန်ပင် စာပြန်လာသည်၊ သို့သော် ယခင် မက်ဆေချ့်ထက် စကားလုံးအနည်းငယ်သာပိုသည်။ "မင်း ငါ့ကို ညာဖို့လုပ်နေတာ။"

သူမ ဆွံ့အသွားရသည်။

Cheng Xi ဖုန်းကြည့်နေသည်မှာ ကြာပြီဖြစ်၍ မရည်ရွယ်ပါဘဲနှင့် မျက်လုံးကြောင်အောင် လုပ်မိသွားသည်။

အလွန်ညဉ့်နက်နေပြီ ဖြစ်သည့်အပြင် မနက်ဖြန်လည်း ဆေးရုံသွားရဦးမည်ဖြစ်နေ၍ Cheng Xi စာမပြန်ဘဲ ထားလိုက်သည်။ သို့သော် စိတ်ထဲ၌ တွေးနေမိသည်မှာ အကယ်၍ သူမသာ အချိန်ရခဲ့ပါလျှင် ထိုကိစ္စကို Lu Chenzhou နှင့် အသေအချာ ဆွေးနွေးမှုပြုလိမ့်မည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သူမအဖို့လည်း နှစ်ရက်တစ်ကြိမ် ဒိတ်လုပ်ရန် ရေရှည်တွင် အဆင်ပြေမည်မဟုတ်ပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now