အခန်း (၃၉)

811 153 5
                                    

Unicode - အကြင်နာအနမ်း

Cheng Xi ချက်ချင်းဖုန်းချကာ အလျင်စလို ထွက်သွားရန်ပြင်နေစဉ်မှာပင် ပုံမှန်မဟုတ်သည့် အခြေအနေကို Cai Yi သတိထားမိသွားသည်။ ထို့ကြောင့် သူမကို မြန်မြန်လှမ်းတားကာ မေးတော့သည်။ "ဘာဖြစ်လို့လဲ။"

"ပါမောက္ခ၊ ကျွန်မလူနာနဲ့ပတ်သက်ပြီး ကိစ္စတစ်ခုပေါ်လာလို့။ အဲ့ဒါ အခု ဆေးရုံကို ချက်ချင်းသွားမှဖြစ်မှာပါ။"

"ဒီလိုမှတော့ သွားရမှာပေါ့။" Cheng Xi ဖြေသံကိုကြားသည်နှင့် Cai Yi က စက္ကန့်ပိုင်းအတွင်း၌ ပြန်ပြောလာခြင်းဖြစ်သည်။ သုတ်သုတ်ပြာပြာ ထွက်သွားသည့် သူမကို အတန်ကြာအောင်ကြည့်နေရင်း နောက်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်သည်။ "ခဏလေး။ ဆေးရုံကို လိုက်ပို့ပေးဖို့ ငါ Wu ကို ပြောလိုက်မယ်။"

"အဲ့လိုမလုပ်ဘဲနဲ့ Zhou ကိုပဲ ပို့ခိုင်းလိုက်။ သူမောင်းတာက ပိုမြန်မယ်။" Lu ဘိုးဘိုးက ထိုသို့ကြားဖြတ်ဝင်ပြောပြီးနောက် သူ့အနားတွင် အခြားလူတစ်ယောက်နှင့် စကားပြောနေသည့် Lu Chenzhou ကို လှမ်းခေါ်လိုက်သည်။ "မြန်မြန်လုပ်၊ ဒေါက်တာ Cheng ကို ဆေးရုံမြန်မြန် လိုက်ပို့ဦး။"

Lu ဘိုးဘိုး၏စကားကြောင့် အခန်းတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသော်လည်း ထိုအချိန်၌မူ Cheng Xi မှာ အပြင်သို့ပြေးထွက်သွားပြီ ဖြစ်သည်။ Lu Chenzhou မျက်ခုံးပင့်လိုက်ကာ ဘာမှမပြောတော့ဘဲ အပြင်သို့ ခပ်သွက်သွက် သွားလိုက်သည်။

Cheng Xi အပြင်သို့ လျှောက်လာစဉ်တွင် Lin Fan တို့ သားအမိနှစ်ယောက်နှင့် နောက်တစ်ကြိမ် ထပ်ဆုံပြန်သည်။

Lin Fan က လှမ်းခေါ်သည်။ "Cheng....."

Cheng Xi ရပ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်သည်။ "ဆောရီး။ ငါအခု အရေးပေါ်ကိစ္စလေးရှိနေလို့ အရင်သွားနှင့်မယ်။ နှုတ်ဆက်ပါတယ်၊ Mrs. Lin ။"

စကားသုံးလေးကြောင်းခန့် တရစပ်ပြောပြီးသည့်အခါ သူမ ချက်ချင်း ထွက်သွားသည်။ မကြာမီမှာပင် Lu Chenzhou ကလည်း သူမ သွားသည့်အတိုင်း နောက်မှလိုက်လာသည်။ Lin Fan မိခင်က "Zhou" ဟုပင် လှမ်းခေါ်ကာ သူ့ကိုနှုတ်ဆက်ရန် ပြင်နေစဉ်မှာပင် Lu Chenzhou က ဥယျာဉ်ခြံထောင့်နားသို့ ဖြတ်ကျော်သွားပြီဖြစ်ကာ နောက်ထပ် တစ်စက္ကန့်ကြာသည့်အခါ၌မူ သူ၏အရိပ်အယောင်ကိုပင် မတွေ့ရတော့။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now