အခန်း (၄၉) - Bonus

819 116 5
                                    

Unicode - ဖောက်ပြန်မှု!

Lin Fan ဖုန်းမချသွားခင် ထိုစကားတစ်ခွန်းကိုသာ Cheng Xi ပြောလိုက်နိုင်သည်။ ထို့နောက်တွင် သူမ မည်သို့ပင် ဖုန်းဆက်ခေါ်ပါစေ သူ့ထံသို့ဖုန်းမဝင်တော့။

ဖုန်းကို စက်ပိတ်လိုက်ခြင်းဖြစ်သည်။

Lin Fan သည် ဆတ်ဆတ်ထိမခံသည့် အတိတ်မှထိုလူငယ်လေးတစ်ယောက်ကဲ့သို့ပင် ရှိနေဆဲဖြစ်ကာ သူ၏ မိသားစု နောက်ခံရာဇဝင်ကြောင့် ရှက်ရွံ့သိမ်ငယ်နေပြီး အခြားသူများနှင့်ဝေးရာသို့ ရှောင်ဖယ်ထွက်သွားခြင်းသာ ဖြစ်သည်။

သို့တိုင်အောင် သူမဆီသို့ သူ့ဘက်မှ စတင်ဖုန်းခေါ်လာသည်ဟူသော အချက်မှာ Lin Fan သည် ဟိုးယခင်အချိန်ထက် အနည်းငယ်ရင့်ကျက်လာပြီဖြစ်ကြောင်း ထင်ရှားနေသည်။

အနည်းဆုံးတော့ ယခု သူမနှင့်ရင်ဆိုင်တွေ့လိုက်ရန် သတ္တိရှိလာပြီဖြစ်သည်။

အခြေအနေတစ်ခုလုံးကို Cheng Xi စဉ်းစားသုံးသပ်ကြည့်ပြီးနောက် သူ့ဆီသို့ မက်ဆေချ့်တစ်စောင် ပို့လိုက်သည်။ "ငါအခု အိမ်မှာရှိနေတယ်။ နင်အတွက် ရင်ဖွင့်ဖော်တစ်ယောက်လိုနေရင် ငါ ဒီနေရာကနေ နင့်ကိုစောင့်နေမယ်။"

ထို့နောက် သူမ အိမ်သို့ပြန်သွားပြီး ထိုနေရာမှ စောင့်နေလိုက်သည်။ Cheng Xi မိခင် ဆိုင်သိမ်းကာ အထုပ်အပိုးများသိမ်းဆည်းနေသည့် အချိန်၌ပင် သူမက အိမ်၌ စောင့်နေသေးဆဲဖြစ်သည်။ ထို့ကြောင့် Cheng Xi မိခင် ဖုန်းခေါ်လာတော့သည်။ "နင် အိမ်ပြန်မလာတာ ဘယ်လောက်ကြာနေပြီလဲ။ ဘာလဲ လမ်းတောင် မမှတ်မိတော့ဘူးလား။ နင့်ကိုလာကြိုဖို့ ဝေါယာဉ်ပါ လွှတ်ပေးလိုက်ရဦးမှာလား။"

Cheng Xi နှဖူးပြင်ပေါ်မှ ချွေးများစီးကျလာသည်။ ထို့နောက် လေချိုသွေးသည့်အသံလေးဖြင့် သူမ အလျင်စလို ပြန်ဖြေရတော့သည်။ "သမီးအခု နည်းနည်းအလုပ်များနေလို့ပါနော်။ နောက်တစ်ပတ်ကျရင်တော့ သေချာပေါက် ပြန်လာပါ့မယ်။"

"အလုပ်များတယ်? ဘာကိစ္စတွေနဲ့ အလုပ်များနေရတာလဲ။" Cheng Xi မိခင်က သူမ၏ဖြေရှင်းချက်ကို နားမဝင်နိုင်တော့ဘဲ သမီးဖြစ်သူ၏အိမ်တွင် ရှိနေခဲ့သည့် ထိုကြောင်တောင်တောင်လူအကြောင်းကို သွားတွေးမိတော့သည်။ ထိုအတွေးများက သူ့ကို ဒေါသထွက်သွားစေပြီး လေသံကလည်း အလေးအနက်ပုံစံ ပြောင်းသွားတော့သည်။ "နင် အိမ်ပြန်မလာတာက ဟိုအကောင်နဲ့ လမ်းမခွဲရသေးလို့တော့ မဟုတ်ဘူးမလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now