အခန်း (၄)

1.4K 201 2
                                    

Unicode - တွဲဖက် ပါတနာ

သွားသောက်ရအောင်ဟု Lu Chenzhou ပြောခဲ့သော်လည်း ဘားသို့သွားရမည့်အစား ဤမြို့၏ နာမည်ကြီး နိုက်ကလပ်ဖြစ်သည့် "ဖီးနစ်" သို့ Cheng Xi အား ခေါ်သွားသည်။ ကလပ်သို့ သွားနေသည့်လမ်းတွင် သူ၏သူငယ်ချင်းများအား ဖုန်းလှမ်းဆက်ကာ တွေ့ရန်ချိန်းလိုက်သဖြင့် ထိုနေရာသို့ ရောက်သည့်အခါ အခန်းတစ်ခုလုံး လူပြည့်နေပြီဖြစ်သည်။

သူမတို့နှစ်ယောက်ကို တွေ့သည်နှင့်ချက်ချင်း အခန်းထဲမှလူများက မတ်တတ်ရပ်ကာ Lu Chenzhou ကိုနှုတ်ဆက်ကြသည်။ အချို့က ဒါရိုက်တာ Lu ဟု ခေါ်ကြသကဲ့သို့ အချို့ကလည်း ဘောစ့် Lu ဟုခေါ်ကြသည်။ Cai Yi ကဲ့သို့ သူ့အား ရင်းနှီးနေကြသူများကမူ Zhou ဟု နာမည်တစ်လုံးတည်းသာ ခေါ်လေ့ရှိသည်။

Lu Chenzhou အား နှုတ်ဆက်နေစဉ်အတွင်းမှာပင် သူ့အနောက်တွင် မတ်တပ်ရပ်နေသည့် Cheng Xi ကို အားလုံးက သတိပြုမိသွားကြသည်။ ထို့ကြောင့် Lu Chenzhou နှင့် အတော်လေးရင်းနှီးပုံရသူတစ်ယောက်မှ လှမ်းမေးတော့သည်။

"အို... ဒီက ငယ်ငယ်ချောချော မိန်းမလှလေးက ဘယ်သူလေးလဲ။"

"ငါ့ရဲ့တွဲဖက် ပါတနာ။"

ထိုသို့ ခပ်ပြတ်ပြတ်အဖြေပေးပြီးသည့်အခါ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်ကျသွားပြီး Cheng Xi ကိုယ်တိုင်လည်း အံ့ဩလွန်း၍ ခြေထောက်ခေါက်တော့မလိုပင် ဖြစ်သွားသည်။

ထို့ကြောင့် ချော်လဲသွားမည်ကို စိုးရိမ်သဖြင့် အနားတွင်ရှိနေသည့် Lu Chenzhou ၏ အင်္ကျီလက်(စ)ကို လှမ်းဆွဲလိုက်ပြီးသည့်အခါမှသာ Cheng Xi ဟန်ချက်ပြန်ညီသွားတော့သည်။

နီးစပ်ရာကို ရုတ်တရက်လှမ်းဆွဲလိုက်ရသဖြင့် သူမ လက်ထိပ်ဖျားကလေးများက Lu Chenzhou ၏လက်နှင့် မတော်တဆထိမိသွားသည်။ ချက်ချင်းဆိုသလိုခံစားလိုက်ရသည့် သူ၏ကိုယ်မှ အနွေးဓာတ်ကြောင့် စည်းချက်မှန်မှန်ခုန်နေသည့် သူမ၏ နှလုံးခုန်သံတစ်ချက် ပျောက်ကွယ်သွားသည်။

ခေါင်းမော့ကြည့်လိုက်သည့်အခါ Lu Chenzhou အင်္ကျီစကို ကိုင်ထားဆဲဖြစ်သည့် သူမ လက်ပေါ်သို့ အားလုံး၏အကြည့်က စုပြုံရောက်နေသည်ကို တွေ့လိုက်ရတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Tempat cerita menjadi hidup. Temukan sekarang