အခန်း (၅၁)

771 124 5
                                    

Unicode - အနွေးဓာတ်

Baldy လည်း Lu Chenzhou နောက်မှ လိုက်လာကာ စားပွဲဝိုင်း၌နှစ်ယောက်သားဝင်ထိုင်ကြရင်း မေးလိုက်သည်။ "အဲ့ဒီတော့၊ မင်းတို့ကြားက အခြေအနေကဘာလဲ။"

ယခုလက်ရှိ နောက်ဆုံးခေတ်စားနေသည့် အရာများကို အမှီလိုက်နိုင်ရန်အတွက် သူအမှန်ပင် အသက်ကြီးလွန်းနေပြီလား။ ဤကမ္ဘာကြီး ပြောင်းလဲနေပုံက အလွန်မြန်ဆန်လွန်းလှသည်ဟူ၍ သူအမြဲ ခံစားရသည်! ထိုနှစ်ယောက်က လမ်းခွဲလိုက်ပြီဟူ၍ ပြောပြီးသည့်တိုင်အောင် အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပုံမှန်ကဲ့သို့ပင် ပြုမူဆက်ဆံနေကြသေးသည်။

တစ်ယောက်က ဗိုက်ဆာသည်ဟု ပြောလာသည့်အခါ ကျန်တစ်ယောက်က တာဝန်ဝတ္တရားကျေပွန်သည့် ဇနီးမယားတစ်ယောက်ကဲ့သို့ပင် ချက်ချင်းထသွားကာ အစားအစာချက်ပြုတ်နေသည်။ သို့သော်လည်း အခြားတစ်ဖက်၌မူ အကယ်၍ သူတို့နှစ်ယောက်သာ လမ်းမခွဲရသေးပါက Lu Chenzhou အနေဖြင့် မိမိပါတနာဖြစ်သူ၏အိမ်၌ အခြားသူစိမ်းယောက်ျားတစ်ယောက် အိပ်နေသည်ကိုတွေ့သည့်အချိန်၌ပင် ဘာတုံ့ပြန်မှုမှမပြုသည်မှာ အတော်လေးထူးဆန်းသည့်အရာပင် ဖြစ်နေမည်!

ယခုအချိန်၌မူ Lu Chenzhou က Baldy ပြောသမျှကို တစ်ခုမှအဖက်မလုပ်တော့သဖြင့် သူ့အပေါ်၌ Lu Chenzhou ၏ စိတ်ရှည်သည်းခံမှုက ဤအိမ်ထဲသို့ သူမဝင်လာသေးခင်အချိန်ထိသာ ဖြစ်ကြောင်း အလွန်သိသာသည်။

ထို့ပြင် Lu Chenzhou က ခေါင်းငုံ့ကာ 'အရှိန်မြင့်ပြိုင်ကားဂိမ်း' ဆော့နေပြီဖြစ်သည် - ထို app ကို ဤအရက်ပိုင်းတွင်း၌ သူအတော်လေးစွဲနေခြင်းဖြစ်ပြီး အတော်လေးကလေးဆန်ကာ ပျင်းစရာကောင်းသည့် ကားပြိုင်ဂိမ်းလေးသာဖြစ်သည်။ ထို့ပြင် Lu Chenzhou ၏ စကေးက ဆိုးဆိုးရွားရွားကြီး ဖြစ်နေပြန်သည်။ ဆယ်ကြိမ်တွင် ဆယ်ကြိမ်စလုံး သူ့ကားကို ချောင်ကမ်းပါးပေါ်မှ ဝင်တိုက်ပစ်ခြင်းဖြစ်သည်။ ထိုဂိမ်းကစားဖြစ်သည်မှာ လဝက်ပင်ရှိနေပြီဖြစ်သော်လည်း Lu Chenzhou က ဂိတ်တစ်ခုလေးကိုပင် ရအောင်ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။

ဤအကြိမ်၌လည်း အတူတူပင်ဖြစ်သည်။ Baldy မှာ ဖင်ထိုင်ချပြီး စကားလှမ်းပြောရန်ပြင်စဉ်အချိန်၌ Lu Chenzhou ၏ကားက ဝင်တိုက်လိုက်ပြီဖြစ်ကာ "ဝုန်း!" ဟူ၍ ခပ်ကြီးကြီးရေးထားသည့်စာသားက သူ၏ဖုန်းစခရင်ပေါ်၌ ပေါ်လာသည်ကို တွေ့လိုက်ရသည် - လမ်းတားထားသည့်အတုံးကို ဝင်တိုက်ခြင်းဖြစ်သည်။ ထိုသို့တိုက်ချလိုက်သဖြင့် ကားတစ်ခုလုံး စုတ်ပြတ်သတ်သွားပြီး ဒရိုင်ဘာလည်း ချက်ချင်းအသက်ထွက်သွားကာ ကားထဲတွင် မှန်ကွဲစအပျက်အစီးများနှင့် သွေးများပန်းထွက်လာတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now