အခန်း (၅၉)

668 105 0
                                    

Unicode - သူ့ကိုကြိုက်ရင် ရအောင်ယူ

"အန်ကယ်လ်ကလည်း အတွေးလွန်နေပါပြီ။ သူ့မှာ ချစ်သူရှိပြီးသား။"

Meng Qingyang ၏ စကားသံက တည်ငြိမ်အေးဆေးနေသည့်တိုင် သူမက ထိုသူငယ်ကို အနည်းငယ် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း စီအိးအိုသိနိုင်လေသည်။ ထို့ကြောင့် တူမဖြစ်သူအတွက် ဖန်ခွက်ထဲသို့ရေထည့်ပေးရင်းနှင့် သူ့ထံမှ ရယ်သံခပ်သဲ့သဲ့ထွက်လာသည်။ "ချစ်သူပဲလေ၊ ဇနီးမှမဟုတ်တာ။" အမှန်တိုင်းပြောရလျှင် ထိုကောင်လေး၌ဇနီးမယားရှိနေသည့်တိုင်အောင် Meng Qingyang အနေဖြင့် အလွယ်လေးလုယူနိုင်စွမ်းရှိနေသည်။ ယခုခေတ်ကာလ၌ သတင်းထဲတွင် အလားတူဖြစ်ရပ်ပေါင်းများစွာ ပါလာသည်ကိုသာ ကြည့်ပါတော့!

"သမီးသာ လိုချင်တယ်ဆိုရင် ဒီကိစ္စက အလွယ်လေးပဲလေ။ ပြီးတော့ အစကတည်းက ဒီကောင်လေးကို အန်ကယ်လ်က ကုမ္ပဏီရဲ့နေရာတစ်ခုမှာ တာဝန်ယူစေချင်နေတာ။ ဒါပေမဲ့ သူပြောတာကျတော့ အခုမှနိုင်ငံခြားက ပြန်ရောက်လာကာစဖြစ်တဲ့အပြင် ဒီမှာ လုပ်နေကျပုံစံတွေနဲ့ မရင်းနှီးသေးဘူးဆိုပြီး အောက်ခြေကနေစတာ ပိုကောင်းမယ်လို့ထင်သတဲ့။ အဲ့ဒါကြောင့် သမီးရှိတဲ့ဌာနမှာပဲ အန်ကယ်လ် သူ့ကို နေရာချလိုက်တာလေ။"

"အန်ကယ်လ်က သူ့ကိုတော်တော်လေး သဘောကျနေတဲ့ပုံပဲနော်။"

"ဒါပေါ့။ အန်ကယ်လ် ဟိုမှာအလုပ်လုပ်နေရင်းနဲ့ သူ့ကို တွေ့ခဲ့တာ။ ဒီကောင်လေးက အရမ်းဖြောင့်မတ်မှန်ကန်တဲ့သူဆိုတာ အန်ကယ်လ်ပြောနိုင်တယ်။ အိမ်မှာကလည်း သမီးအစ်ကိုနဲ့အစ်မတို့နှစ်ယောက်လုံးက ဒီစီပွားရေးကိစ္စတွေကို လုံးလုံးစိတ်မဝင်စားကြဘူးလေ၊ သမီးတစ်ယောက်ပဲ အန်ကယ့်လ်ကို ကူဖို့ဆန္ဒရှိတာ။ ဒီတော့ သမီးသာ သူ့ကို အန်ကယ်လ်တို့ရဲ့ သားမက်ဖြစ်လာအောင်နဲ့ ဒီလုပ်ငန်းမှာ ယုံကြည်အားထားရတဲ့လူတစ်ယောက်အဖြစ် ပေါင်းထည့်ပေးလိုက်နိုင်မယ်ဆိုရင် အန်ကယ်လ်ကတော့ Welcome ပေါ့ကွာ။"

ထိုရှင်းပြချက်ကိုကြားသည့်အခါ Meng Qingyang တစ်ယောက် မကျေမနပ် ဖြစ်သွားသည်။ "ဒါဆို အန်ကယ်လ်က ကိုယ့်စီးပွားရေးလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးဖို့အတွက်ပဲ လူရှာနေတာ မဟုတ်လား!"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now