အခန်း (၈၄)

516 90 2
                                    

Unicode - မင်း သူ့ကိုကြိုက်လား။

Lu Chenzhou က သူမ ကိုနမ်းရန်အတွက် အလေးအနက်သဘောဖြင့် မေးလာခြင်းဖြစ်သည်။ သူ့အသွင်က အလွန်ပင် တည်တံ့နေသည်ဖြစ်ရာ Cheng Xi ရယ်ချင်စိတ်များ အလိုလိုဖြစ်ပေါ်လာပြီး တစ်ချိန်တည်းတွင်လည်း မျက်နှာတည်လေးဖြစ်အောင် ထိန်းထားရလေသည်။ နောက်ဆုံး၌ သူမက အလေးအနက်ဆန်ဆန်ဖြင့် ပြန်ဖြေလာသည်က "ဒါပေါ့၊ သူတို့စကားကို ရှင်နားထောင်စရာမှမလိုတာ။"

Lu Chenzhou 'Oh' ဟူ၍အသံပြုလာပြီး အနည်းငယ် စိတ်ပျက်သွားဟန်ပေါ်သည်။ သူ့ဘက်မှ ထို့ထက်ပို၍ ထိတ်လန့်စရာကောင်းသည့် စကားများပြောလာမည်ကို Cheng Xi စိုးရိမ်သဖြင့် မီးရှုးမီးပန်းများနှင့် သူ၏အဘိုးအဘွားတို့ အကြောင်းကိုပင် အစဖော်မမေးရဲတော့ပေ။ "ကားကလည်း ဘာလို့ရောက်မလာသေးတာလဲ။ အခုက ပြန်ဖို့ အကောင်းဆုံးအချိန်ပဲ။"

Lu Chenzhou က ဦးလေး Chen ကိုဖုန်းဆက်ခေါ်လိုက်ပြီး မကြာမီမှာပင် သူရောက်လာသည်။ သူကိုယ်တိုင်လည်း ဤကိစ္စထဲ၌ ပါဝင်နေခြင်းဖြစ်ကြောင်းကို သူ၏မျက်နှာ အမူအရာတို့မှတစ်ဆင့် သိနိုင်သည်၊ သူမတို့နှစ်ယောက် ကားထဲဝင်လိုက်သည်နှင့်ချက်ချင်း ဦးလေး Chen က အားရဝမ်းသာစွာဖြင့် Cheng Xi ကိုမေးလာသည်မှာ "ဒေါက်တာ Cheng ၊ အခုနတုန်းက မီးပန်းတွေကိုကြည့်တာ သဘောကျရဲ့လား။"

Cheng Xi အနေဖြင့် "သဘောကျပါတယ်" ဟူသည့်အဖြေမှလွဲ၍ အခြားဘာပြန်ဖြေရမည်နည်း။

ထိုအခါ ဦးလေး Chen က ကားနောက်ကြည့်မှန်မှတစ်ဆင့် Lu Chenzhou ကိုလှမ်းကြည့်သည်။ သို့သော်လည်း Lu Chenzhou က ပကတိတည်ငြိမ်နေကာ သူ၏အတွေးများကိုလည်း လုံးလုံးလျားလျား ဖုံးကွယ်သိုဝှက်ထားလေသည်။

Cheng Xi မျက်နှာလှည့်သွားကာ ပြတင်းအပေါက်အပြင်သို့ ကြည့်လိုက်သည်။ Lu Chenzhou ၏ အဘိုးအဘွားများကြောင့် သူမ စိတ်ကျဉ်းကျပ်မိသော်လည်း Lu Chenzhou ၏ဆရာဝန်အနေဖြင့် သူတို့၏နွေးထွေးကြင်နာမှုကို ခံစားရမိသည်- သူမအတွက်မဟုတ်ဘဲ Lu Chenzhou ကိုယ်စား ခံစားမိခြင်းဖြစ်သည်။ သူ့အတွက် အစီအစဉ်အသေးစိတ် ရေးဆွဲ၍ အကူအညီပေးမည့် မိသားစုဝင်များရှိနေသည်မှာ အသိအသာပင်ဖြစ်သည်။ အနည်းဆုံးတော့ သူ့အတွက် ချစ်ခြင်းမေတ္တာငတ်နေစရာ အကြောင်းမရှိပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now