အခန်း (၆၂) - Bonus

808 98 0
                                    

Unicode

T/N : "ဝန်ခံချစ်စကား" အပိုင်း (၅၀)ဖတ်ပြီး စိတ်မကောင်းဖြစ်နေကြမှာစိုးလို့ အမောပြေသွားအောင် အာချောင်သူ  Baldy ကြီးရဲ့ ရယ်စရာအခန်းလေးကို Bonus အဖြစ်နဲ့တင်ပေးလိုက်ပါတယ်နော်။💕💕💕

* * *

(၆၂) - ငါ ... ချင်တယ်

Baldy တစ်ယောက် သူ့ဖုန်းကို ခပ်တင်းတင်းကိုင်ရင်း Xu Po ကို ကမန်းကတန်း မေးတော့သည်။ "ငါ နားကြားမှားတာ မဟုတ်ဘူးမလား။ ဒေါက်တာ Cheng က ငါတို့ကို လှောင်လိုက်တာလား။"

ထိုအချိန်၌ Xu Po ပင်လျှင် မနေနိုင်တော့ဘဲ ရယ်ချင်စိတ်ပေါက်သွားတော့သည်။ "မင်းနားကြားမမှားဘူး။ သူ ငါတို့နှစ်ယောက်ကို တကယ်လှောင်သွားတာ။"

"သေစမ်း။ ငါ့တစ်သက် တစ်ခါမှ ဒီလိုမျိုးအလှောင်မခံရဖူးဘူး။" Baldy က ထိုသို့ပြောရင်း ဖုန်းပြန်ယူကာ ဒေါသတကြီး ပြောလေတော့သည်။ "အခုနက မင်း ငါ့ကိုလှောင်ပြီး သိက္ခာချသွားတယ်။ အဲ့ဒီတော့ မင်းငါ့ကို ပြန်ပေးရ —"

ထိုအချိန်မှသာ သူမ ဖုန်းချသွားပြီဖြစ်ကြောင်း သူ နားလည်သွားတော့သည်။

ထို့နောက် Baldy က စိုးရိမ်နေသည့်လေသံဖြင့် မေးလိုက်သည်မှာ "... ဒေါက်တာ Cheng က ဒီလိုလုပ်ရပ်မျိုးလုပ်တာ ဖြစ်နိုင်လို့လားကွာ။"

Xu Po လည်း သေသေချာချာမသိသဖြင့် ပြန်ဖြေလာသည်မှာ "ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ သူလည်း အတော်လေးဉာဏ်ကောင်းတဲ့ သူတစ်ယောက်ပဲလေ။"

Baldy သူမကို နောက်တစ်ကြိမ်ဖုန်းခေါ် သည့်အခါ ကံကောင်းထောက်မစွာဖြင့် Cheng Xi ဖုန်းကိုင်လေသည်။ သို့သော် ဤအကြိမ်၌မူ သူမက စကားတစ်ခွန်းသာ ပြောတော့သည်။ "ကျွန်မ ဒီနေ့ အလုပ်နည်းနည်းရှုပ်နေလို့ ရှင့်သူငယ်ချင်းရဲ့ ရောဂါနာမည်ရှာဖို့ လုပ်နေတာဆိုရင် ကျေးဇူးပြုပြီး ကြိုတင်ချိန်းဆိုမှုလုပ်ပေးပါ။ တကယ်လို့ တခြားကိစ္စဆိုရင်တော့ ဆောရီးပါ၊ ကျွန်မ မအားဘူး။" 

ဤသို့ဖြင့် Baldy တစ်ခွန်းမှမဟရသေးခင်မှာပင် သူမ နောက်ထပ်တစ်ကြိမ် ဖုန်းချသွားပြန်တော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  जहाँ कहानियाँ रहती हैं। अभी खोजें