🎁 အခန်း (၉၀) - Bonus 🎁

721 89 0
                                    

Unicode - မင်းငါ့ကို အကြောင်းပြချက်ပေးနိုင်လား။

ပုံမှန်အားဖြင့် Cheng Xi သည် အခြားသူများကို ရင့်သီးမာထန်စွာ ပြောဆိုလေ့မရှိသော်လည်း ယနေ့၌မူ သူမလည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် ဖြစ်သွားရသည်။

Lin Fan မိခင်၏ အစွန်းရောက်အတွေးခေါ်များက သူ့ကို ပုံမှန်မဟုတ်သည့် အခြေအနေသို့ရောက်သွားစေသည်၊ သူ့ဘက်က အကောင်းဆုံးဟု ထင်မြင်ယူဆ၍ အစီစဉ်များချမှတ် ရေးဆွဲထားသည်အတိုင်း အခြားသူများကို လိုက်နာစေချင်သည်၊ သို့သော် သူတို့ဖြစ်လိုသည့်စိတ်ဆန္ဒကို မည်သည့်အခါကမှ ထည့်တွေးစဉ်းစားခဲ့ပေးခြင်းမရှိပေ။

သူငယ်ရွယ်စဉ်အခါက ဘာလုပ်ပိုင်ခွင့်မှမရှိ၊ အားနည်းသည့် အမျိုးသမီးတစ်ဦးသာဖြစ်၍ Lin Fan နှင့် Chen Jiaman တို့ကို အကာအကွယ်မပေးနိုင်ခဲ့ပေ။ ထို့ပြင် ယခုအချိန်၌လည်း သားသမီးများကို အကာအကွယ်ပေးနိုင်ရန်အတွက် ရုန်းကန်ကြိုးစားနေရဆဲသာ ဖြစ်သည်။

Lin Fan မိခင်၏အိမ်မှ ပြန်ထွက်လာပြီးသည့်အခါ Chen Jiaman ကို ဆေးရုံပို့ခဲ့သည့် အရာရှိဖြစ်သူကို Cheng Xi ဆက်သွယ်လိုက်သည်။ "ကျွန်မ Chen Fuguo နဲ့ တွေ့ချင်တယ်။ ဖြစ်နိုင်မလား။"

"အခုအခြေအနေမှာ ပုံမှန်ဆိုရင် ရှေ့နေကပဲ သူ့ကိုတွေ့ခွင့်ရှိတယ်။ ဘာကိစ္စများလဲ၊။"

ထို့ကြောင့် Cheng Xi ရှေ့နေတစ်ယောက်ကို လိုက်ရှာရလေသည်။ သူမ၌ ရှေ့နေသူငယ်ချင်း နှစ်ယောက်ရှိသော်လည်း တိုက်ဆိုင်စွာဖြင့် ထိုနှစ်ယောက်လုံးက မြို့တွင်မရှိကြပေ။ ထိုအထဲမှ Cheng Xi နှင့် အတော်လေး တရင်းတနှီးရှိသည့်ရှေ့နေမှာ အားလပ်ရက်အပန်းဖြေခရီးထွက်နေသဖြင့် ပြည်ပနိုင်ငံတစ်ခုတွင် ရောက်နေလေသည်။ သူမ၏ရှင်းပြချက်ကိုကြားသည့်အခါ ထိုလူက ပြစ်တင်ဝေဖန်သည့်စကား ဆိုလာတော့သည်။ "နင် ရူးနေတာလား။ ဘာလို့ သူများကိစ္စကို ဒီလောက်ခေါင်းရှုပ်ခံချင်နေတာလဲ!"

သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူ့ဘက်မှကြည်ဖြူမှုမရှိသည်မှာ သိသာနေသည့်တိုင် Cheng Xi ကို အခြားမိတ်ဆွေတစ်ယောက်နှင့် အဆက်အသွယ်ရနိုင်အောင် ကူညီပေးလေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now