အခန်း (၃၄)

904 153 0
                                    

Unicode - ငါ့အတွက်အချစ်မလိုဘူး

Cheng Xi သီးသွားရကာ တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးရင်း ချက်ချင်း ဖုန်းချလိုက်တော့သည်။

" ဘာဖြစ်တာလဲ။ " Lin Fan စိုးရိမ်တကြီး လှမ်းမေးသည်။

Cheng Xi လက်ခါပြရင်း သူမ ပါးစပ်ကိုအုပ်ကာ အချိန်အတန်ကြာအောင် ချောင်းဆက်ဆိုးနေသည်။ မျက်ရည်များပင် ထွက်လုနီးပါး အခြေအနေရောက်သည့်အချိန်မှသာ Lu Chenzhou ထံမှ ကြားလိုက်ရသည့် ထိတ်လန့်အံသြဖွယ်ရာ စကားတို့ကိုနားလည်နိုင်တော့သည်။

စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ အနေဖြင့် Lu Chenzhou ၏ တွေးခေါ်စဥ်းစားပုံတို့နှင့် အသားမကျနိုင်သေးပဲ ရှိနေဆဲဖြစ်ရာ သူ၏ဂွတီးဂွကျ အပြုအမူနှင့် စကားတို့ကြောင့် ရံဖန်ရံခါ အချိန်များ၌ပင် အငိုက်မိသွားရဆဲ ဖြစ်သည်။

" တစ်ခုခုဖြစ်လို့လား။" Lin Fan နောက်တစ်ကြိမ် ​ထပ်မေးလာသည်။

"ဘာမှမဟုတ်ဘူး၊ အားလုံးအဆင်ပြေတယ်။" ဟူ၍ Cheng Xi ပြန်ဖြေကာ " Lu Chenzhou က ကိစ္စတစ်ခုရှိလို့ ငါနဲ့ တွေ့မှဖြစ်မယ်ဆိုပြီး ပြောလာတာ။"

"ဒါဆို...... ငါထွက်သွားပေးရမလား။ "

"အင်း...ထွက်သွားပေးရမယ် ထင်တယ်။ " Cheng Xi သူ့ကို ဤနေရာ၌ ဆက်နေခိုင်း၍ မဖြစ်ပေ။ အကြောင်းမှာ Lu Chenzhou ရောက်လာပါက ဘာဆက်ဖြစ်မည်ကို လုံးဝ မမှန်းတတ်၍ဖြစ်သည်။ သူမ အနည်းအကျဥ်း သိထားသည့် သူ၏အကြောင်းများအရ အကယ်၍ Lu Chenzhou သာ သူမကို အမှန်တကယ် နမ်းလိုပါက လူများရှိနေသည်ကိုပင် လုံးလုံးဂရုစိုက်မည့်သူ မဟုတ်။

Lin Fan ၏ မျက်ဝန်းများထဲမှ စိတ်ပျက်အားငယ်နေမှုတို့ကို မမြင်ဟန်ဆောင်ပြုကာ Cheng Xi မတ်တတ်ရပ်လိုက်ပြီး သူ့ကို ဆိုင်အပြင်သို့ လိုက်ပို့သည်။

"ငါသူ့ကို ဒီနေရာကနေပဲ စောင့်လိုက်မယ်။ နင်အရင်သွားနှင့်လိုက်တော့။ "

Lin Fan ခေါင်းညိတ်ပြကာ သူ့ကားထဲသို့ဝင်လိုက်သည်။ အချိန်အတန်ကြာအောင် ထိုင်နေပြီးသည့်အခါမှသာ ကားစက်နှိုးပြီး မောင်းထွက်သွားတော့သည်။

အချိန်ကား ဆောင်းရာသီရောက်နေပြီဖြစ်၍ ယခုကဲ့သို့ ညချမ်းအချိန်သည် ရေခဲတမျှ အေးစက်နေသည်။ ကားမှန်ပြတင်းကို ဖွင့်ထားခြင်းဖြစ်၍ ခိုက်ခိုက်တုန်အောင် အေးလွန်းလှသည့် ညလေညင်း အစုအဝေးတို့က အရှိန်အဟုန်ဖြင့် တိုက်ခတ်လာသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Tempat cerita menjadi hidup. Temukan sekarang