အခန်း (၂၉)

869 136 1
                                    

Unicode - စုပြုံနေသည့် အတင်းအဖျင်းစကားများ

သူ၏ဆိုလိုရင်းကို Cheng Xi နားလည်သွားသည့်အခါ မျက်မှောင်ကြုတ်သွားရသည်။ "ဘာလို့လဲ။"

သူမ၏ပုံပြင်က သူ့ကို နားလည်မှုလွဲသွားအောင် လုပ်ခဲ့မိသည်လား။

Lu Chenzhou ၏ အမူအရာကမူ လိမ်ညာဟန်ဆောင်ထားခြင်းတို့ ကင်းရှင်းနေပြန်သည်။ "ငါတို့နှစ်ယောက်က အတွဲတွေ မဟုတ်ဘူးလား။"

...သို့သော် Cheng Xi ပြန်ပြောလိုက်သည့် တစ်ခုတည်းသောအဖြေက သူ့ထက်ပင် ပို၍ရိုးသားမှန်ကန် နေတော့သည်။ "ဒါပေမဲ့ စုံတွဲတွေက အဲ့ဒီလိုမျိုးမလုပ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် မေးနေစရာမှမလိုတာ။ အခုလို မေးနေရသေးတယ်ဆိုတာကိုက ကျွန်မတို့ကြားမှာရှိတဲ့ ခံစားချက်တွေဟာ နက်ရှိုင်းလေးနက်မှုမရှိသေးဘူးလို့ ဆိုလိုတယ်။ အဲ့ဒါကြောင့် ကျွန်မတို့နှစ်ယောက်က မိတ်ဆွေတွေအဖြစ်နဲ့ပဲ ပြန်နေသင့်တယ်။"

Cheng Xi ၏ဖြေရှင်းချက်ကိုကြားသည့်အခါ Lu Chenzhou က သူမကိုကြည့်လာပြီး ဘာမှမပြောတော့ဘဲ လေးလေးနက်နက် စဉ်းစားခန်းဝင်နေတော့သည်။

Cheng Xi စိတ်ထဲတွင်လည်း ထိုကိစ္စက ဤနေရာ၌သာ ပြီးသွားလောက်ပြီဟု ထင်မှတ်သွားမိသဖြင့် ဘာကိုမှစိတ်ထဲထားမနေတော့ပေ။ နောက်တစ်နေ့ရောက်သည့်အခါ သူမ ဆေးရုံသို့ချက်ချင်း သွားပြန်သည်။ အံ့ဩစရာကောင်းသည်မှာ Chen Jiaman က စောင်ထဲတွင်ကွေးကာ ပုန်းနေခြင်းမျိုးမဟုတ်တော့ဘဲ ခုတင်ပေါ်တွင် ထိုင်နေပြီး ပြတင်းတံခါးရှိ ခန်းဆီးလိုက်ကာမှ ထိုးဖောက်ဝင်ရောက်လာသည့် နေရောင်ခြည်နုနုတို့ကို ငေးကြည့်နေလေသည်။

Cheng Xi သူ့အနားသို့ တိုးကပ်သွားသည်။ ခုတင်နားသို့ရောက်ရန် ခြေလှမ်းငါးလှမ်းအလိုတွင် Chen Jiaman က လှည့်ကြည့်လာသည်။ သူမ အမူအရာက စိုးရိမ်ကြောက်လန့်နေပုံပေါ်ပြီး ကိုယ်ကိုမတ်ထားသည်၊ သူမ မျက်လုံးအစုံက ဝိုင်းစက်နေပြီး အံတင်းတင်းကြိတ်နေသည့် သူ၏အသွင်က အချိန်မရွေး ထပေါက်ကွဲတော့မည့်ပုံစံ ဖြစ်နေသည်။

Cheng Xi နောက်ထပ်ရှေ့ဆက်မတိုးတော့ပေ။ ဆေးရုံသို့အလာလမ်းတွင် ဝယ်ခဲ့သည့် ပုံဆွဲစာအုပ်ကို Chen Jiaman ထံလှမ်းပေးရင်း ပြောလိုက်သည်မှာ "ငါမင်းကို ဒါလေးပေးလို့ရလား။" ထို့နောက် စာအုပ်ကိုဖွင့်ကာ ပုံဆွဲပြရင်း စကားဆက်ပြောလိုက်သည်။ "ဒီထဲမှာ မင်းဆန္ဒရှိတာတွေအားလုံးကို ပုံဆွဲပြီး ဖော်ထုတ်လို့ရတယ်၊ ဥပမာ - ပွေ့ဖက်မှုလေးတစ်ခု လိုချင်နေတဲ့ ယုန်ကလေးလိုမျိုးပေါ့။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Όπου ζουν οι ιστορίες. Ανακάλυψε τώρα