အခန်း (၁၂၀)

384 37 0
                                    

Unicode - ရှင်သာ အထိန်းအကွပ်မဲ့သွားရင် ဘာတွေဖြစ်လာမလဲ။

Cheng ပါးပါးတစ်ယောက် အမူးသောက်ထားခဲ့ခြင်းကြောင့် ညဉ့်သန်းခေါင်ယံကျော်ချိန်ထိ နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်မောကျသွားသည်။ သို့သော် ထို့နောက်၌မူ ခေါင်းကိုက်လာပြီး အချိန်အတန်ကြာသည့်တိုင် မသက်သာသဖြင့် Cheng Xiသူ့အတွက် အပြင်ထွက်ပြီးဆေးဝယ်ကာ နှိပ်နယ်ပေးရလေသည်။ ထိုအခါမှသာ Cheng ပါးပါး ပြန်လည်အိပ်ပျော်သွားသည်။

ဤသို့ဖြင့် (ညကအိပ်ရေးပျက်ထားသည့် ဒဏ်ကြောင့်) မိုးစင်စင်လင်းပြီးမှနိုးလာချိန်၌ တွေ့လိုက်ရသည်မှာ မိခင်ဖြစ်သူသည် အိပ်ရာဘေးတွင်ထိုင်နေပြီး လက်ထဲ၌ဖုန်းကိုင်လျက်သားဖြင့် လူတစ်ယောက်နှင့် အမျှင်မပြတ်တမ်း Chat နေခြင်းသည်။

ထို့ပြင် မနေ့က Lu Chenzhou နှင့် မတွေ့ခင်ချိန်ထိ ဟန်လုပ်ထားသည့် ကြောက်စရာမိထွေးမိန်းမကြီး၏ မျက်နှာအရိပ်အယောင်တို့ကို တစိုးတစိမှပင် မတွေ့ရခြင်းကြောင့် သူမမိခင်ကိုကြည့်ရသည်မှာ အတော်လေးစိတ်ကျေနပ် ဘဝင်ခိုက်နေပုံပေါ်သည်။ ထို့ပြင် Cheng Xi ကိုပါ နွေးထွေးကြင်နာစွာ စကားစလာလေသည်။ "ဂွတ်မောနင်း သမီးလေး။"

Cheng Xi အံ့သြကာ ဆွံ့အသွားသည်။

အရှေ့တွင်ရှိနေသည့် သူမမိခင်မှာ အတုအယောင်သာ ဖြစ်သည်ဟူ၍ပင် ခံစားလိုက်ရသည်။ မနေ့ညက ဖခင်ဖြစ်သူ၏လုပ်ရပ်တို့သည် သူမမိခင်ကို အလွန်ပင်စိတ်ဆိုးဒေါသထွက်စေခဲ့သော်လည်း ယခုမနက်တွင်မူ ခင်ပွန်းသည်အား ဆူပူပြောဆိုခြင်းမရှိသည့်အပြင် သမီးဖြစ်သူ၏ အိပ်ရာနံဘေး၌ပင် ထိုင်စောင့်ပေးသည်အထိ စိတ်ကောင်းဝင်နေပုံက...... ဘာဖြစ်သွားတာလဲ။

Cheng Xi သူမ နားထင်ကြောလေးများကို ဖိနှိပ်ရင်း "ဂွတ်မောနင်း။ အဖေရော ဘယ်လိုလဲ။"

"အိပ်တာ သိုးနေတာပဲ။ သူ့ကို အမေ လက်မြှောက်ထားလိုက်ပြီ။"

Cheng Xi အချိန်ခဏခန့် ကြောင်နေပြီးနောက်တွင် ခုတင်ပေါ်မှဆင်းကာ ဖခင်ကို သွားကြည့်လိုက်သည်။ တော်သေးသည်၊ ကိုယ်အပူချိန်က ပုံမှန်ဖြစ်ပြီး နှလုံးခုန်နှုန်းလည်းမှန်သည်။ မနေ့ညက အတော်လေးဒုက္ခများခဲ့သော်လည်း ယခုမူ မျက်နှာက ပုံမှန်ပင်ဖြစ်နေသည်။ အနည်းဆုံးတော့ မနေ့ညက မူးအောင်သောက်လိုက်သည့်တိုင် ကိုယ်ခန္ဓာတွင် ပျက်စီးထိခိုက်သွားခြင်းတို့ မရှိသည့်အတွက် တော်သေးသည်။ 

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now