အခန်း (၅၆)

729 113 0
                                    

Unicode - သူ့ကိုကူညီခြင်း

တံခါးပိတ်သွားသည့်အခါ Lu Chenzhou မျက်လုံးဖွင့်လိုက်ပြီး စားပွဲပေါ်၌ သူမ ထားခဲ့သည့် အသံသွင်းစက်ကို အချိန်အတန်ကြာအောင် စူးစိုက်ကြည့်ပြီးမှ Baldy ကို ဖုန်းခေါ်လိုက်သည်။ "Wang မောင်နှမက သူတို့မိထွေးကို အိမ်ကနေ မောင်းထုတ်ချင်နေကြတာလို့ မင်းပြောခဲ့တယ်နော်၊ ဟုတ်လား။"

"အင်းလေ။ သူတို့အဖေက အခုဆိုအသက်လည်း အတော်ကြီးနေတဲ့အပြင် စိတ်လည်း သိပ်မှန်တော့တာ မဟုတ်ဘူးကွ။ အဘိုးကြီးရဲ့သေတမ်းစာထဲမှာ မိထွေးဖြစ်သူကို ရှိသမျှအမွေတွေလွှဲပေးလိုက်မှာစိုးလို့ သားသမီးတွေက မရရအောင် တားနေကြတာလေ... အမှန်တိုင်းပြောရရင် အဲ့ဒီမိန်းမကြီးကလည်း ရိုးသားတဲ့လူတော့မဟုတ်ဘူး။

နိုင်ငံခြားမှာရှိနေတဲ့ သူ့သားကို လှမ်းခေါ်ဖို့ နေမကောင်းချင်ယောင်ဆောင်ခဲ့တာကွ။ သိထားသလောက်ကတော့ ဟိုကောင်လေးက နာမည်ကြီးကျောင်းတစ်ခုကနေဘွဲ့ရပြီး လူသိများတဲ့ ကုမ္ပဏီကြီးတစ်ခုမှာတောင် အလုပ်ဝင်နေပြီ၊ Wang မောင်နှမထက်တော့ အများကြီးတော်တာပေါ့ကွာ။ ရှေ့လျှောက်တော့ စိတ်လှုပ်ရှားစရာဒရာမာတွေ ရှိလာဦးမယ်ဆိုတာ ငါအသေအချာပြောရဲတယ်ဟေ့။"

အခြားမိသားစု၏ အိမ်တွင်းရေးကိစ္စများကို နောက်ကွယ်၌အတင်းချနေသည့် Baldy ၏အသံက သူတစ်ပါးဒုက္ခရောက်တော့မည်အဖြစ်ကို ကျေနပ်အားရနေဟန်တို့ဖြင့် ပြည့်နှက်နေလေသည်။ ပါးစပ်ထဲရှိသမျှ ပြောချလိုက်ပြီးသည့်အချိန်မှသာ ထိုအရာတို့က ပုံမှန်အားဖြင့် ဘော့စ် Lu စိတ်ဝင်စားလေ့ရှိသည့် ကိစ္စမဟုတ်မှန်း သတိထားမိတော့သည်။ ထို့ကြောင့် ဤသို့မေးရသည့်အကြောင်းရင်းမှာ Wang မိသားစု၏အိမ်တွင်းတိုက်ပွဲမှ သူ အမြတ်ထုတ်ရန် စီစဉ်နေခြင်းကြောင့်ဖြစ်မည်ဟုပင် တွေးမိသွားသည်။ "ဘာလဲ၊ မင်းက သူတို့ကုမ္ပဏီတွေကို မျက်စိကျနေတာလား။"

"မဟုတ်ဘူး။" Lu Chenzhou ၏အကြည့်တို့က အောက်သို့ရောက်သွားကာ သူ့လက်များကို ကြည့်နေလေသည်။ ယခုအချိန်၌ သူ့လက်များက ကျောက်စိမ်းသားဖြင့် ထုဆစ်ပြုလုပ်ထားသည့် ရေနွေးခွက်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ သို့သော် ကျောက်က ကျောက်ပင်ဖြစ်ကာ ထိုခွက်လေးမှ ထုတ်လွှတ်နေသည့် အအေးဓာတ်က သူ့ကို စိတ်အနှောင့်အယှက် ပေးနေသည်။ စောစောကထက် ပို၍အေးတိအေးစက်နိုင်သည့်လေသံဖြင့် Baldy ကို သူလှမ်းပြောလိုက်သည်။ "မင်းမှာ မိန်းမတွေပေါနေတာပဲ၊ Wang မိထွေးရဲ့သားအတွက် တစ်ယောက်လောက်ရှာချိတ်ပေးလိုက်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now