အခန်း (၄၆)

760 126 4
                                    

Unicode - နှလုံးသွေးများရပ်တန့်ခြင်း

Donglai မှ Cheng Xi ပြန်ထွက်လာပြီးသည့်အခါယခင်ထက်ပို၍ သူမ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေသည်ကိုခံစားမိသည်။ Chen Fuguo ကြောင့် ရင်ထဲမှ ကြီးမားလေးလံသည့် ကျောက်တုံးအစိုင်အခဲကို Lu Chenzhou က အလွယ်တကူ ဖယ်ရှားပေးလိမ့်မည့်ဟူ၍ ထင်မှတ်မထားခဲ့ပေ။

သူမ စိတ်ထဲ၌ အပြစ်ရှိသေးကြောင်း ခံစားနေဆဲဖြစ်သော်လည်း ထိုအရာက Chen Fuguo နှင့် လုံးဝ မသက်​ဆိုင်တော့ပေ။

Lu Chenzhou ပြောလာသည့် အလောင်းအစားကမူ၊ သူဘာကို ရည်ရွယ်၍ပြောလိုက်ခြင်းဖြစ်ကြောင်း သူမ နားလည်သည်။ အချစ်ကိုမယုံကြည်သည့် သူ့အနေဖြင့် Lin Fan နှင့် သူမတို့ဆုံစည်းခြင်းမှ ကောင်းသည့်အရာ တစ်စုံတစ်ခုမှ မဖြစ်လာနိုင်ဟုသာ လက်ခံထားခြင်းဖြစ်သည်။

သူမတို့၏အချစ်က ဘာအကျိုးမှမရှိသည့်အပြင် အဓိပ္ပာယ်လည်းမရှိကြောင်းကို Lu Chenzhou က သူမကို နားလည်စေချင်နေသည်။

သို့သော် သူယုံကြည်လာရန်အတွက် ယခု သူမက Lin Fan နှင့်တွဲကာ ထိုအရာကို သရုပ်ဆောင်ဟန်လုပ်ပြရမည်ဟု ဆိုလိုနေသည်လား။ ဤအဖြစ်က အတော်လေးရယ်စရာကောင်းနေသည်၊ Lu Chenzhou သည် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့်အရာကို တောင်းဆိုမည့်လူတစ်ယောက်မဖြစ်နိုင်လောက်ဟု သူမ ခံစားမိသည်။ အခြားသူများ၏ ချစ်ရေးချစ်ရာကိစ္စက သူနှင့်ဘာ​ဆိုင်သနည်း။

အကယ်၌ ထိုသို့ဆိုပါက မည်သည့်အတွက်ကြောင့် သူလုပ်ခဲ့သည်များကို ဖွင့်ပြောရသနည်း။

ဤသည်က Lu Chenzhou သူမကို... အမှန်ပင် ကြိုက်နေသည့်အတွက်ကြောင့်လား။ သူမကို ကြိုက်လွန်းသဖြင့် Cheng Xi စိတ်ဆင်းရဲမည်ကို မကြည့်ရက်သည့်အတွက်ကြောင့်လား။ ထို့ပြင် စာချုပ်ကို ဖျက်သိမ်းလိုသည့်အတွက် ယခုကဲ့သို့ ပေါက်တက်ကရအကြောင်းပြချက်ကို ရှာလိုက်ခြင်းလား။

ထိုအကြောင်းကိုတွေးရင်းနှင့် Cheng Xi မနေနိုင်ဘဲ ရယ်မိတော့သည်။ Lu Chenzhou က သူမကိုကြိုက်နေ၍ စိတ်ဆင်းရဲအောင် မလုပ်လိုဟူသည်ထက် သူက သူမအပေါ်တွင် စိတ်ကုန်သွားပြီဟု ပြောသည်ကပင် ပို၍မှန်နိုင်ခြေရှိသည်။ အခြားစကားလုံးဖြင့် ပြောရလျှင် သူလိုချင်သည့် ခံစားမှုမျိုးကို သူမထံမှ ရနိုင်တော့မည်မဟုတ်ကြောင်းကို ရှာဖွေတွေ့သွားသဖြင့် သူမကို ပ,ထုတ်လိုက်ရန် အကြောင်းပြချက်တစ်ခု ရှာလိုက်ခြင်းဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now