အခန်း (၈၆)

508 85 0
                                    

Unicode - လမ်းခွဲလိုက်တာလား။

Lin Fan သူမကို ကြည့်လိုက်သည်။ Cheng Xi အသွင်က အေးဆေးတည်ငြိမ်နေပုံပေါ်ကာ ဝမ်းနည်းစိတ်ပျက်ခြင်းတို့မရှိဘဲ ထုံပေပေ အမူအရာဖြင့် အရာအားလုံးကို သုံးသပ်စိတ်ဖြာပြနေသည်။

ထိုအခါ Lin Fan မနေနိုင်တော့ဘဲ မေးခွန်းထုတ်လာလေသည်။ "ဒါဆို နင်ကရော။ နင် ငါ့ကို တကယ်ချစ်ခဲ့လား။"

Cheng Xi ဘာတုံ့ပြန်မှု မပြုပေ။

"နင်လည်း ငါ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး မဟုတ်လား။" သူအမှန်တကယ် ချစ်မြတ်နိုးရသူမှာ သူ၏ငယ်ဘဝ အမှတ်တရပုံရိပ်များထဲမှ Cheng Xi သာဖြစ်သည် ဆိုသည့်အချက်ထက် ယခု သူသဘောပေါက်သွားသည့်အရာကို လက်ခံလိုက်ရန်မှာ ပို၍ပင်ခက်ခဲနေကြောင်းကို ရုတ်တရက်ဆိုသလို Lin Fan ခံစားလိုက်ရသည်။

"နင် ငါ့ကို ဒီအကြောင်းတွေပြောပြတုန်းက လိမ်ညာနေခဲ့တာလား။ နင်က သူ့ရဲ့အကာအကွယ် တံတိုင်းတစ်ခုသာသာပဲ ဆိုတာတွေလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့၊ ငါကပဲ နင့်ရဲ့ကာဗာအယူခံလိုက်ရတဲ့ လူဖြစ်နေတာ၊ ဟုတ်တယ်မဟုတ်လား။ နင်သူ့ကို ချစ်တယ်၊ ဒါပေမဲ့ နင့်ရဲ့ ကွာဟနေတဲ့ လူမှုအဆင့်အတန်းကြောင့် သူ့ကိုလက်ခံလိုက်ရမှာ တွေဝေနေတာ။ ဒါကြောင့် နင်ငါ့ကို အသုံးချခဲ့....."

"Lin Fan!" ဆက်မပြောတော့ရန် Cheng Xi တားလိုက်သည်။ သူနှင့်မျက်လုံးချင်းဆုံအောင် စေ့စေ့ကြည့်ကာ "ငါတို့နှစ်ယောက်သိခဲ့ကြတာ နှစ်တွေအတော်ကြာနေပြီ။ ငါက ဘယ်လိုလူစားမျိုးလဲဆိုတာ နင်မသိဘူးလား။"

"ဒါဆို ဘာလို့ ငါ့ကို နောက်အခွင့်အရေးတစ်ခု ထပ်မပေးနိုင်ရတာလဲ။" Lin Fan သူ့မျက်နှာကို လက်ဖြင့်အုပ်ကာလိုက်သည်။ "ဘာလို့ နင်က အရာအားလုံးကို သွေးအေးအေးနဲ့ logic ကျကျ တွေးနေရတာလဲ။ Cheng Xi ငါတို့အဖြစ်က အစမကောင်းခဲ့ဘူးပဲ။"

သူတို့၏ relationship ကို ကောင်းမွန်စွာမစရသေးခင်ပင် တတိယလူက နှစ်ယောက်ကြားတွင် ရှိနှင့်နေပြီးသား ဖြစ်သည်။

ဤအရာကို Lin Fan သိသည့်အပြင် ထိုကိစ္စကို Cheng Xi ဘက်မှ ဖွင့်ထုတ်မပြောရခြင်းမှာ သူတို့၏ဂုဏ်သိက္ခာကို ထိန်းထားလိုသည့်အတွက်ကြောင့်ပင်။ အဆုံး၌မူ နှစ်ယောက်လုံးက တစ်ယောက်အကြောင်းကို တစ်ယောက် ကောင်းကောင်းသိနေကြသူများဖြစ်၍ သူမျှော်လင့်နေသည့် တစ်ခုတည်းသောအရာမှာ သူမထံမှ နောက်ထပ်အခွင့်အရေး တစ်ခုပင်ဖြစ်သည်။ သို့သော် Lin Fan က သူမထံမှအဖြေကို စောင့်ဆိုင်းခြင်းထက် ထိုင်နေရာမှထပြန်သွားတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now