အခန်း (၁၁၇)

402 37 4
                                    

Unicode - သူ့ကိုယ်သူ ကျွန်တော့်ဆီ ပုံအပ်ခဲ့တာ 🎁

"နင် သူ့အကြောင်း စုံစမ်းလိုက်တာလား။" သူမ ပြောသည့် "သူ"ဆိုသည်မှာ Lu Chenzhou ကိုဆိုလိုခြင်း ဖြစ်သည်။ Lu Chenming သည် ပညာသင်နေဆဲ ကျောင်းသားတစ်ယောက်သာဖြစ်၍ Cheng Xi ဤသို့တွေးမိသွားခြင်းမှာ သဘာဝကျသည်။ စီးပွားရေးလုပ်သူ တစ်ယောက်ဖြစ်သည့် Cheng Yang အနေဖြင့် Lu Chenzhou ကိုသိနေခြင်းမှာ မထူးဆန်းသော်လည်း Lu Chenming ကိုသိနေပါလျှင် အနည်းငယ်မေးခွန်းထုတ်စရာ ဖြစ်သွားမည်။

Cheng Yang အချိန်ခဏခန့် ငြိမ်ကျသွားပြီးနောက်၌မူ ယုံကြည်မှုအပြည့်ဖြင့် လျင်မြန်သွက်လက်စွာ မြှောက်ပင့်ပြောရင်း အားရင်းပေါင်ရင်းသန်သန်ဖြင့်ပင် စကားကြီးစကားကျယ် ဆိုလေတော့သည်။ "ဒါပေါ့! ငါ့မှာ ဒီအစ်မတစ်ယောက်ပဲရှိတာလေ! ပိုပြီးတော့ သတိထား(စုံစမ်း)ရမယ် မဟုတ်ဘူးလား။"

ထိုအခါ Cheng Xi မကျေမနပ်ဖြင့် ပြန်ပြောသည်က "လိမ်ပြန်ပြီ!"

Cheng Yang ကမူ သူ့အတွေးအိမ်ထဲ၌ လေးလေးနက်နက်ပင် စဉ်းစားခန်းဝင်နေတော့သည်....... ငါဘာလုပ်ရမလဲ! သူသည် လုပ်ငန်းကိစ္စများနှင့်ပတ်သက်လာလျှင် ဤသို့သောအခြေအနေများနှင့် အမြဲပင် ကြုံတွေ့ဆက်ဆံနေရသူဖြစ်သော်လည်း အိမ်၌ပြောဆိုမှုပြုရာတွင် အလွန်သတိကပ်ထားရသည်။ သေးငယ်သည့်အရာလေးတစ်ခုကိုပင် သူ့အား အလွတ်မပေးတတ်သည့် Cheng Xi ၏ စူးရှကြည်လင်သော အကြည့်တို့ကြောင့် နှာခေါင်းကို အရှက်ပြေကိုင်၍သာ ဝန်ခံမှုပြုရတော့သည်။ "ငါ အရင်တုန်းက Lu မိသားစုနဲ့ စီးပွားရေးလုပ်ချင်လို့ သူတို့နဲ့ အဆက်အသွယ်ရနိုင်ဖို့ နည်းလမ်းတစ်ချို့ တွေးကြည့်ခဲ့ဖူးတယ်။ Lu Chenzhou က လုံးဝချဉ်းကပ်ဖို့ မလွယ်တဲ့သူဖြစ်နေတာနဲ့ (သူ့ထက်)ပိုလွယ်တာလေးများ ရှိမလားဆိုပြီး သူ့အနားက လူတွေအကြောင်းစုံစမ်းပေးဖို့ လူတစ်ယောက်ကို ငါအကူညီတောင်းခဲ့တာ။"

"ဒါဆို နင်ဘာတွေသိလိုက်လဲ။" သို့သော် Cheng Xi ထိုသို့ပြောလိုက်ပြီးသည်နှင့် ချက်ချင်းပင် သူမမေးခွန်း၏အဖြေကို ရုတ်တရက် တွေးမိသွားတော့သည်။ "တစ်ခုခုသိလာတဲ့အပြင် နင်ရှာနေတဲ့ပစ်မှတ်လည်း တွေ့သွားတယ် မဟုတ်လား။ Hainan က နင့်ရဲ့ စက်မှုလုပ်ငန်းပရောဂျက်က Lu မိသားစုဟာဆိုတာ ငါမှတ်မိတယ်နော်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now