အခန်း (၁၂)

1.1K 165 0
                                    

Unicode - သူလည်း ငါ့ Idol ပဲ

Cheng Xi နှင့် Lin Fan တို့ နောက်ကျမှ ရောက်လာကြသဖြင့် လူအများက သတိပြုမိသွားကြသည်။ Tian Rou တစ်ယောက် သူမ အနောက်နားမှ ရောက်လာကာ ပြုံးဟန်ဆောင်ရင်း

"ပြောပါဦး၊ နင်တို့နှစ်ယောက် အနောက်မှာနေပြီး ဘာတွေလုပ်နေကြတာလဲ။"

Cheng Xi တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"သူက ဖုန်းပြောစရာရှိနေလို့။ ငါကျတော့ Shen Wei ရဲ့ အမျိုးသားက သောက်တာများသွားလို့ ငါ့ဆီမှာ ကျောက်ကပ်ဆေးများရှိမလားဆိုပြီး မေးနေတာနဲ့နောက်ကျကျန်ခဲ့တာ။"

(T/N : ဒီနားတော့ Ewe ကိုယ်တိုင်လည်း သေချာနားမလည်ဘူး။ အင်္ဂလိပ်လို 'kidney medicine' ဆိုပြီး ရေးထားလို့ 'ကျောက်ကပ်အတွက်ဆေး' လို့ပဲပြန်လိုက်ပါတယ်။)

"နင်က အဲ့လိုကိစ္စတွေနဲ့လည်း ရင်းနှီးတယ်ပေါ့။"

"အရမ်းကြီးတော့ မဟုတ်ပါဘူး။"

Tian Rou တစ်ယောက် သူမ ကို တစ်လှည့်၊ Lin Fan ကို တစ်လှည့်ကြည့်ပြီးသည့်အခါ ရုတ်တရက်ဆိုသလို ထ,မေးတော့သည်။

"Cheng Xi... နင်ရော Lin Fan ကိုကြိုက်နေတာလား။"

စောစောကပြောနေသည့်အကြောင်းမှ ယခုကိစ္စသို့ ချက်ချင်းကြီးခုန်ကူးသွားသည်ကို နားမလည်နိုင်သည့် Cheng Xi မှာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသည့် သူမ၏ မေးခွန်းကြောင့် လန့်ဖျပ်သွားရတော့သည်။ သို့တိုင်အောင် အမှန်အတိုင်းပြန်ဖြေလိုက်သည်။

"အင်း... သူက အရင်တုန်း ငါ့ Idol ပဲ။"

Tian Rou ၏ မျက်နှာတစ်ခုလုံး အံ့ဩသွားပုံပေါ်ကာ အလန့်တကြားဖြင့်

"ဟင်... အဲ့လိုဆိုရင် ငါက နင့်ကို ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ။"

Cheng Xi ထံမှ ရယ်သံခပ်တိုးတိုးလေးသာ ထွက်လာသည်။ Tian Rou အချိန်အတော်ကြာအောင် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ သူမတို့အား ရေပူစမ်းသို့သွားရန် Shen Wei လာခေါ်ချိန်ရောက်မှသာ လူက အနည်းငယ် ပုံမှန်ပြန်ဖြစ်သွားသည်။

"ငါ့ကိုယ်ငါ ဇာတ်လိုက်မင်းသမီးလို့ ထင်နေခဲ့ပေမဲ့ တကယ်တမ်းကျတော့ အရံအဆင့်သာသာလောက်ပဲ ဖြစ်နေတာကိုး! ဒါပေမဲ့လည်း သေချာစဉ်းစားကြည့်လိုက်ရင် နင်တို့နှစ်ယောက်က တကယ်လိုက်ဖက်တဲ့ စုံတွဲပဲဟ၊ မိုးကောင်းကင်ရဲ့ မျက်နှာသာပေးမှုခံထားရတဲ့ မင်းသားနဲ့ မင်းသမီးတွေလိုပေါ့။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now