အခန်း (၁၀၁)

511 74 0
                                    

Unicode - လူမြင်ကွင်း၌! ချစ်! ကြင်နာ! ပြနေခြင်း!

ယခုအချိန်၌ အသိစိတ်တို့ဝေဝါးနေသည့် Cheng Xi က Lu Chenzhou ဆွဲခေါ်ရာနောက်သို့ လိုက်နေရသဖြင့် ပို၍ပင် မသက်မသာ ခံစားနေရသည်။ Baldy က သူမတို့နှစ်ယောက်အတွက် တံခါးဖွင့်ပေးရင်း သူ့ထံမှလှမ်းမေးသံကို ကြားလိုက်ရသည်မှာ "သူ တကယ်ကြီး မူးသွားတာလား။"

Lu Chenzhou ခေါင်းညိတ်ပြသဖြင့် Baldy က တကျွတ်ကျွတ်ဖြင့် စုတ်သပ်သံပြုရင်း ပြောလာသည်၊ "သူ မင်းကို တကယ်ကြိုက်တာပဲ ဖြစ်ရမယ်။ သူ့စကေးက ဒီလောက်ထိစုတ်ပြတ်နေတာတောင် မင်းကိုယ်စား ဝင်သောက်ပေးတာကိုပဲကြည့်လေ!" အချိန်ခဏခန့်ကြာပြီးနောက် သူဆက်ပြောပြန်သည်၊ "မင်းဘာလို့ သူ့ကို ဒီပြန်ခေါ်လာတာလဲ။ အဝေးခေါ်သွားတော့လေကွာ! မင်းတို့မူးနေချိန်မှာတောင် ဘာဆိုဘာမှမဖြစ်ကြဘူးဆိုရင် ငါသူ့ကို အရက်တွေလှိမ့်တိုက်တာက အလဟဿမဖြစ်သွားဘူးလား။"

ဆိုလိုသည်က ဤအရာကို သူတစ်ချိန်လုံး ကြံစည်အကွက်ချနေခဲ့ခြင်းပင်! သူမ Baldy ကို ဒေါသတကြီးစူးစိုက်ကြည့်လိုက်သော်လည်း ထိုသို့လုပ်ခြင်းကြောင့် ခေါင်းနောက်လာသည်။ ထို့ကြောင့် နားထင်ကြောလေးများကိုနှိပ်ရင်း အဆက်အစပ်မရှိ ဝင်ပြောလိုက်သည်က "Baldy ၊ ရှင် သိပ်မလွန်လာနဲ့။"

Cheng Xi အာလေးလျှာလေး ဖြစ်နေသည့်အတွက် ဗလုံးဗထွေးသာ ပြောလိုက်နိုင်သည်။ ကြောက်လန့်အောင် လုပ်ရမည့်အစား သူမစကားတို့က ဆန့်ကျင်ဘက် အကျိုးသက်ရောက်သွားသည်။ Baldy က အနားသို့ပင်တိုးကပ်လာပြီး ဘာကိုမှ မသိနားမလည်ဟန်ဖြင့် ဖိုးသခွားလေးလုပ်ပြီး ပြန်ဖြေလာသည်၊ "ဒေါက်တာ Cheng ၊ ငါ့ဘက်က လုံးဝရိုးရိုးသားသားပဲလေ။ မဟုတ်တာ ဘာတစ်ခုမှ မလုပ်ထားပါဘူး။"

သို့သော် Cheng Xi နောက်ကွယ်၌မူ သူက Lu Chenzhou ကို အားပေးအားမြှောက် လုပ်နေလေသည်။ "ချ၊ ချ။"

Lu Chenzhou က သူမကို ဆွဲခေါ်သွားသည်။ သူ့အကြည့်တို့က နက်ရှိုင်းစူးရှနေပြီး Baldy ၏အကြံပြုချက်က ဖြစ်နိုင်ချေရှိလားဆိုသည်ကို လေးလေးနက်နက် စဉ်းစားချိန်ထိုး ကြည့်နေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် အေးစက်စက် အထိအတွေ့က သူမ လည်တိုင်ထက်သို့ ရောက်လာသည်ကို Cheng Xi ခံစားလိုက်ရသည်၊ သူ့လက်တစ်ဖက်က သူမလည်တိုင်ကို ရုတ်တရက် လာသပ်နေခြင်းဖြစ်ကာ သူမလည်ဂုတ်နားရှိ နူးညံ့လှသည့်အသားပြင်လွှာကို သူ့လက်ချောင်းလေးများဖြင့် ခပ်ဖွဖွပွတ်နေလေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now