အခန်း (၅၈)

697 107 0
                                    

Unicode - သူ့ကို ဘယ်လိုသဘောရလဲ။

နောက်တစ်နေ့ Cheng Xi အလုပ်သို့ရောက်သည့်အခါ သူမမျက်နှာပေါ်၌ တမင်လုပ်ယူထားစရာမလိုသည့် အပြုံးပန်းတို့က အလိုလိုပွင့်လန်းနေသည်။ ထို့ကြောင့်သူမ၏မျက်နှာကိုတွေ့သည့်အခါ အကြီးတန်းသူနာပြုဆရာမ အံ့အားသင့်သွားသည်။ "မင်းကိုကြည့်ရတာ ဒီနေ့သိပ်ပျော်နေသလိုပဲ။ စိတ်ချမ်းသာစရာတစ်ခုခု ကြုံလာလို့လား။"

"ဒါပေါ့!" အသံသွင်းစက်ကိုထုတ်ရင်း ပြန်ဖြေလာသည့် Cheng Xi အသံလေးက ပေါ့ပါးသွက်လက်ကာ အသက်ဝင်နေသည်။ "ကျွန်မ ဒါလေးတွေ့လာတယ်လေ။"

သူနာပြုဆရာမကြီးက ထိုစက်ကို သိချင်စိတ်ဖြင့် ကြည့်လာသည်။ "ဒါက ဘာကြီးလဲ။"

"ပုံပြင်တွေပြောပြပေးမယ့် ပစ္စည်းပေါ့။"

"Chen Jiaman အတွက်လား။" ယခုအချိန်၌မူ သူနာပြုဆရာမကြီးက Cheng Xi ဘာတွေးနေကြောင်းကို အတော်လေးနားလည်နေပြီဖြစ်ကာ ထိုစက်ကိုတွေ့လိုက်သည်နှင့်ချက်ချင်း သူမ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီဖြစ်သည်။ "မင်းက သူ့ကို တကယ်ဂရုစိုက်တာပဲ။"

Cheng Xi ရယ်လိုက်ပြီးနောက် သူမရုံးခန်းသို့သွားကာ ဂျူတီကုတ်အဖြူလေး ထပ်ဝတ်လိုက်တော့သည်။ "ဒီနှစ်ရက်အတွင်း သူ့အခြေအနေ ဘယ်လိုလဲ။"

"သူက ပြဿနာရှာတာတွေ မလုပ်တော့ဘူးဆိုပေမဲ့ ငါတို့စကားကို နားထောင်တာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒေါက်တာ Cheng ၊ မင်း သူ့ကို ဒီပုံစံအတိုင်းပဲ ကုသမှုတွေဆက်လုပ်သွားချင်တာ သေချာလား။"

အပြင်သို့ အရှိန်မှန်မှန် လျှောက်နေသည့် Cheng Xi ၏ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။ "ဘာဖြစ်လို့လဲ။"

"ဌာနမှူးက Chen Jiaman ရဲ့အခြေအနေကို ဒီနေ့အစောပိုင်းတုန်းက လာမေးသွားသေးတယ်။" ထို့နောက် သူနာပြုဆရာမကြီးက အနားသို့တိုးကပ်လာကာ နှစ်ကိုယ်ကြားတီးတိုးလေးပြောလာသည်က "ကြည့်ရတာ ဒေါက်တာ Ceng က သူ့ဆီမှာ အတို့အထောင် လုပ်ထားပြီးပြီတယ်ထင်တယ်... အဲ့ဒါကြောင့် မင်းအချိန်ရရင် ဌာနမှူးနဲ့သွားတွေ့ပြီး အကျိုးအကြောင်းကို သွားရှင်းပြထားလိုက်ပေါ့။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now