အခန်း (၈)

1.3K 175 0
                                    

Unicode - ပြန်လည်ဆုံစည်းခြင်း

'ဖီးနစ်' ကလပ်မှ Cheng Xi ပြန်ထွက်လာပြီးနောက် အိမ်ပြန်ကာ ရေချိုးပြီး အဝတ်စားလဲလိုက်သည်။ လူတစ်ကိုယ်လုံး ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ယူပြီးသည့်အခါ ဆေးရုံသို့ မနက် ၁၁ နာရီတိတိတွင် ရောက်သွားသည်။ နေ့လည်၌ အစည်းအဝေးတစ်ခုတက်ရမည်ဖြစ်ကာ ကျန်ညနေခင်းတစ်ခုလုံးတွင် စိတ်ကျန်းမာရေးဌာန၌ တာဝန်ကျလေသည်။

ထိုအချိန်၌ သူမ ထံသို့ Lu Chenzhou နှင့် ပတ်သက်သည့် မှတ်တမ်းအချို့ကို Cai Yi ပို့လာသည်။ ထိုဖိုင်များကို Cheng Xi အကြမ်းဖျင်းလှန်လှောကြည့်လိုက်သည့်အခါ အထဲမှအကြောင်းအရာများကို တိုတိုတုတ်တုတ်နှင့် ရေးထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

Lu မိသားစုမှာ ကုန်ပစ္စည်းများအရောင်းအဝယ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကာ ဥစ္စာပစ္စည်းပေါကြွယ်ဝသည်။

မိသားစုဝင်များ ဆင်းသက်လာပုံကို ဖော်ပြထားသည့် ဇယားမှာ ရှင်းလင်းနေသည်- Lu Chenzhou အဖေမှာ တစ်ဦးတည်းသောသားဖြစ်ကာ အမေက မတော်တဆမှုတစ်ခုဖြင့် Lu Chenzhou ငယ်ရွယ်စဉ်က ဆုံးသွားခဲ့သည်။ ထို့ကြောင့် Lu မိသားစုတွင် Lu Chenzhou အပြင်၊ သူ၏ အဘိုးနှင့်အဘွား၊ သူ့ဖခင်နှင့် ညီငယ်ဖြစ်သူ Lu Chenming တို့သာရှိလေသည်။

Lu Chenzhou ၏ ဘဝမှာ အခြားလူကုံထန် သားသမီးများနှင့် အတူတူပင်ဖြစ်သည်။ သူ မွေးဖွားလာပုံ၊ ပညာအရည်အချင်းတို့က ပြောစမှတ်ပြုရလောက်အောင် ထူးခြားနေသည်မျိုးမဟုတ်၊ အလယ်အလတ် ပုံမှန်ပင်ဖြစ်သည်။

သူ့အသက် ၁၈နှစ်တွင် နိုင်ငံခြားသို့ ပညာတော်သင်ထွက်သွားသည်။ ထို့နောက် 'Donglai' အုပ်စုကို လွှဲပြောင်းမယူခင်၊ အသက် ၂၄နှစ်ရောက်သည့်အခါ သိပ္ပံနည်းပညာများ ပေါင်းစပ်ထားသည့် နိုင်ငံအတွင်း၌ ပထမဆုံးသော အဆင်မြင့်ဟိုတယ်တည်ဆောက်မည့် လုပ်ငန်းပရောဂျက်ကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ နောက်ဆုံး၌ အသက် ၃၀ပြည့်သည့်အခါ 'Donglai' အုပ်စုကို တရားဝင်လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။

Lu မိသားစုဝင်များထဲတွင် စိတ်ရောဂါခံစားရဖူးသူဟူ၍ တစ်ယောက်မျှ မရှိသည့်အပြင် Lu Chenzhou ၌ ဤကဲ့သို့ အခြေအနေမျိုးဖြစ်လာသည့်အကြောင်းရင်းနှင့် မည်သည့်အချိန်ကပင် စတင်ခံစားခဲ့ရကြောင်းကို တိတိကျကျဖော်ပြထားခြင်းမရှိ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now