အခန်း (၁၆)

1.1K 165 0
                                    

Unicode - တုံးအ,ချင် ယောင်ဆောင်ခြင်း?

ရေချိုးခန်းထဲမှ Lu Chenzhou ထွက်လာသည့်အခါ Baldy ကို လျစ်လျူရှု၍ မာကျောက်စားပွဲရှိရာသို့ တန်းလျှောက်သွားကာ ထိုနေရာ၌ဝင်ထိုင်လိုက်တော့သည်။ ပုံစံမကျဖြစ်နေသည့် ထိုင်ခုံများကို သူ့နေရာနှင့်သူဖြစ်အောင် ပြန်စီကာ ခုံတစ်ခုကိုဆွဲယူပြီး ထိုင်လိုက်ခြင်းဖြစ်သည်။

အနည်းငယ်ဂွကျသည့် သူ့အမူအရာကို Baldy တွေ့သည့်အခါ ပါးစပ်မှငြိမ်ငြိမ်မနေနိုင်တော့ဘဲ ထပြောပြန်တော့သည်။

"ပြီးရင် အဲ့ဒီခုံမှာ ငါတို့ထိုင်ဦးမှာပဲဟာကို ဘာဖြစ်လို့ နေရာတကျဖြစ်အောင် တကူးတကလုပ်ပြီး ပြန်စီနေသေးတာလဲကွာ။"

ထို့နောက် သူကိုယ်တိုင်လည်း စားပွဲဝိုင်းရှိရာသို့သွားကာ ခုံတစ်ခုဆွဲပြီး ဝင်ထိုင်လိုက်သည်။ သူ့ပုံစံက ပေါ့ပျက်ပျက်နိုင်ကာ ဟာသဆန်ဆန်နှင့် လေးလေးနက်နက်မရှိသည့်တိုင် သူကိုယ်တိုင်လည်း Lu Chenzhou နှင့် အသားချင်းမထိရဲပေ။ ထို့အစား မာကျောက် တုံးတစ်တုံးကိုယူကာ သူ့အရှေ့ရှိစားပွဲနေရာကို အသာအယာခေါက်ကာ

"မင်းရဲ့ ပါတနာနဲ့ ငါတို့ကို မမိတ်ဆက်ပေးတော့ဘူးလား။"

"သူ့နာမည်က Cheng Xi ။"

ထို့နောက် စားပွဲပေါ်မှ လူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်ပြီး Cheng Xi ကိုကြည့်ကာ

"ဒီမှာလာထိုင်ဖို့ မင်းကို တစ်ယောက်ယောက်လာပွေ့ရဦးမှာလား။"

ချက်ချင်းပင် Baldy ကလည်း ဝင်လှော်သည်။

"သူ့ကြည့်ရတာ မင်းကို လာချီစေချင်နေပုံပဲကွ။"

Xu Po ကိုယ်တိုင်လည်း ထိုင်ချလိုက်ရင်း

"Zhou ၊ ဒေါက်တာက သူ့မှာ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပါလာဘူးတဲ့။"

ထိုအချိန်၌ Baldy ကလည်း ခပ်ထေ့ထေ့မျက်နှာအမူအရာနှင့် ဝင်ပြောတော့သည်။

"အဲ့ဒါဆိုလည်း ဘာလို့ မင်းခန္ဓာကိုယ်ကို အာမခံပစ္စည်းအဖြစ် အပေါင်မထားတာလဲ။ အဲ့လိုသာဆိုရင် စဉ်းစားဉာဏ်ရှိတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ Zhou က သေချာပေါက်ကို စိတ်ကြွနေတော့မှာ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now