အခန်း (၃၁)

950 141 5
                                    

Unicode - ငါဆန္ဒရှိတဲ့အချိန်တိုင်း သူ့ကိုနမ်းမယ်

Cheng Xi သူမ မျက်နှာကို အလိုလိုကိုင်မိသွားသည်။ အနည်းဆုံးတော့ သူမ ပါးပြင်ပေါ်၌ သွားရည်စများကဲ့သို့ မသတီစရာ ဘာအစအနမှ ကျန်ရှိမနေဘဲ ခပ်ဖွဖွကိုက်လိုက်ခြင်းဖြစ်၍ သူ၏အနမ်းကလည်း မနာပေ။ သို့တိုင်အောင် ထိုသို့သောအပြုအမူက......

Lu Chenzhou ၏မျက်နှာ၌မူ မည်သည့်ခံစားချက် အမူအရာမှ ရှိမနေသည့်အပြင် သူမ ကို အထူးတလည်အခွင့်အရေးယူရန် ကြိုးစားနေပုံလည်း မပေါ်သဖြင့် ကိစ္စများကိုရှုပ်ထွေး၊ ဇာတ်လမ်းရှည်အောင် မလုပ်လိုတော့။

ထို့ကြောင့် သူမ ဘက်မှ ရယ်စရာဟာသတစ်ခုအဖြစ်သာ တုံပြန်ပြောလိုက်သည်။ "ရှင်က ကျွန်မရဲ့တစ်ဖက်တည်းသော ပါးချိုင့်ကို တော်တော်လေး မျက်စိမွှေးစူးနေတဲ့ပုံပဲ။ သဘောမကျလွန်းလို့တောင် လှမ်းကိုက်ချင်နေတဲ့အဆင့်ထိ ဖြစ်သွားပြီ။ ဒီလိုဆိုမှတော့ နောက်တစ်ခါကျရင် ကျွန်မ mask ဝတ်ထားသင့်လား။" 

Lu Chenzhou က သူမ အနားသို့ ကိုယ်ကိုကိုင်းထားဆဲဖြစ်ကာ Cheng Xi ကို ငေးကြည့်နေသည်။ 

ထိုပါးချိုင့်လေးကို သူ မျက်စိမွှေးစူးနေသည်လား။ အမှန်တိုင်းဆိုရလျှင် အဖြေက 'နိုး'။ ကြည့်ရသည်မှာ ထိုအရာနှင့် ယခု သူနေသားကျသွားပြီဖြစ်၍ တစ်ဖက်တည်းသာရှိသည့် သူမ၏ပါးချိုင့်လေးက သူ၏မျက်စိအမြင်တွင် စိတ်အနှောင့်အယှက် ဖြစ်မနေတော့။

"အဲ့လိုလုပ်စရာမလိုတော့ဘူး။"

Cheng Xi က 'အို' ဟူ၍သာ အသံပြန်ပြုလိုက်သည်။ "ဒါဆို အခုလိုရှင့်ကို မှားပြောမိတဲ့အတွက် ဆောရီးပါ။"  

သူမ ထိုင်ခုံသို့ပြန်ထိုင်ရန် ပြင်နေစဉ်မှာပင် Lu Chenzhou က ရုတ်တရက်ပြောလာသည်။ "ငါ စစတုန်းက မင်းကို နမ်းဖို့ရည်ရွယ်ထားတာ။" သူခါးဆန့်ကာ ကိုယ်ကိုမတ်လိုက်ပြီး လက်နှစ်ဖက်ကိုရင်ဘတ်ရှေ့တွင် ပိုက်လျက်အနေအထားဖြင့် အလေးအနက်ထား ရှင်းပြလာသည်။ "ကိုယ့်ရဲ့ချစ်သူမိန်းကလေးကို နမ်းဖို့အတွက် ခွင့်တောင်းနေစရာမလိုဘူး၊ ပြီးတော့ ငါနမ်းချင်တဲ့အချိန်တိုင်း နမ်းနိုင်တယ်လို့ မင်းပဲပြောခဲ့တာမဟုတ်လား။ 

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now