အခန်း (၁၀၇)

444 66 0
                                    

Unicode - ငါ့ကိုတစ်ခေါက်လောက်နမ်း

Shen Wei ကြည့်ရသည်မှာ အမှန်ပင် နေပြန်ကောင်းသွားပုံရသည်။ သူ့ကိုယ်ကို ကိုယ်လက်သန့်စင် ဆေးကြောမှုများ လုပ်ပြီးနောက်တွင် သူက Shen မိသားစု၏ ထက်မြက်ပြီး စွမ်းဆောင်နိုင်စွမ်းရှိသည့် သမီးကြီးနှင့် ပြန်တူသွားပြီဖြစ်သည်။

ယခင်အဖြစ်အပျက်မှ ကျန်ရှိနေသည့် တစ်ခုတည်းသောလက္ခဏာမှာ ပြာဝင်နေဆဲဖြစ်သည့် သူ့အသံနှင့် ပြည့်ပြည့်ဖောင်းဖောင်း မျက်လုံးများပင်။ ထို့ကြောင့် လောလောဆယ်တွင် မည်သူနှင့်မှ သူတွေ့လိုစိတ်မရှိပေ။

Cheng Xi အပြင်ထွက်သွားပြီး Shen Wei ၏ဆန္ဒကို ပြောပြလိုက်သည်။ Cheng Xi ၏ ပရိုပီသသည့် ကျွမ်းကျင်မှုကြောင့် သမီးဖြစ်သူအား နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု သူ၏မိဘများက ယုံကြည်ထားပြီးဖြစ်၍ ထိုအချက်ကို ဘာကန့်ကွက်မှုမှမပြုကြတော့။

Shen Wei ဖခင်မေးလာသည့် တစ်ခုတည်းသောအရာမှာ "ဒီတော့ Shen Wei ပြန်ကောင်းသွားပြီလို့ ဆိုလိုတာလား။"

"ကျွန်မ သူ့ကို အချိန်နည်းနည်းလောက် ထပ်စောင့်ကြည့်ရဦးမယ်။"

ထိုအခါ Shen မိသားစုက သူမ၏ မသေချာမရေရာ ဖြစ်နေမှုတို့ကို စိုးရိမ်သွားကြပြီး Shen Wei မိခင်ကမူ စိတ်ပူနေသည့် မျက်ဝန်းများဖြင့် ကြည့်လာသည်။ "သူ ဘာဖြစ်သွားတာလဲ။"

Cheng Xi က တည်ငြိမ်အေးဆေးသည့် လေသံဖြင့် Shen Wei မိခင်၏စိတ်ထဲမှအပူမီးများ ငြိမ်းအေးသက်သာသွားနိုင်စေရန် ပြန်ဖြေသည်မှာ "သူ့ရဲ့စိတ်အခြေအနေ ဒီလိုဖြစ်သွားတာက သိပ်မကြာသေးဘူး၊ ပြီးတော့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာကို ကြည့်ပြီးပြောရရင် ဒါက စိုးရိမ်စရာကောင်းတယ်ဆိုပေမဲ့ အချိန်တိုတွင်းဖြေရှင်းနိုင်တဲ့ ပြသနာဖြစ်နိုင်ခြေများတယ်။ အတိအကျသိရဖို့ကတော့ ကျွန်မတို့ သူ့ကို ဆက်ပြီးစောင့်ကြည့်ရမှာပဲ။ အကောင်းဆုံးက သူ့ကိုဆေးရုံမှာ သွားပြဖို့ပါ။ "

ဤတစ်ကြိမ်၌မူ Shen Wei ဖခင်က ကန့်ကွက်စကားတို့ ဆိုမလာတော့ပေ။ "ဘယ်တော့လဲ။"

Shen မိသားစုအနေဖြင့် ဤသို့သောအရာများကို နောက်တစ်ကြိမ် ထပ်မဖြစ်လာစေလိုတော့၊ ဤရက်ပိုင်းလေးအတွင်း၌ပင် ၎င်းတို့ဘဝသက်တမ်း၏ ဆယ်နှစ်စာခန့် ကုန်ဆုံးသွားသကဲ့သို့ပင် ခံစားရစေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Waar verhalen tot leven komen. Ontdek het nu