အခန်း (၁၂၅ - ခ)

264 34 0
                                    

Unicode

ထိုအခါ Lu Chenzhou သည် သူမ၏ကြည်လင်သန့်စင်နေသည့် မျက်ဝန်းများကိုကြည့်ရင်းနှင့် ဖြည်းဖြည်းချင်း အသိပြန်ဝင်လာသည်။ သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ဖြစ်သွားချိန်၌မူ နှစ်ယောက်ကြားရှိ ခြားနားထားသောစည်းသည် ပျောက်နေခဲ့ရာမှ ပြန်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

သူမခေါင်းကို ထိန်းကိုင်ထားသည့် သူ့လက်သည်လည်း ခပ်တင်းတင်းဖြစ်သွားကာ အတွင်းနှလုံးသား၌ ဖြစ်တည်လာသည့် အနည်းငယ် စိတ်မရှည်နိုင်ဖြစ်နေခြင်းမှာ အလိုရမ္မက်ကြီးမှုနှင့် အညှာအတာကင်းမဲ့မှုတို့မှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သူမကို စိတ်ရှိလက်ရှိပင် ရက်ရက်စက် ဖျက်ဆီးပစ်လိုသည့် စိတ်ဆန္ဒတို့ ခံစားရနေခြင်းပင်။

သို့သော် Cheng Xi ကို မလန့်စေလိုသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး သူမထံမှ "Lu Chenzhou ၊ ကျွန်မတို့ ဒီလောက်မြန်မြန် အဆင့်မတက်ဘဲ နေလို့မရဘူးလား။" ဟူ၍မေးသံကို ကြားရသည့်အခါ သူ့ရင်ထဲမှ စေ့ဆော်နေသည်တို့ကို ဖိနှိပ်ထားလိုက်သည်။ ထို့အစား နောက်တစ်ကြိမ် ခေါင်းပြန်ငုံ့ကာ သူမနှုတ်ခမ်းထောင့်စွန်းကို လျှာဖြင့်ခပ်ဖွဖွသပ်၍ Cheng Xi နှင့် ပါးချင်းထိအပ်ရင်း ပြောလိုက်သည်က "နောက်တစ်ခါ အနီရောင်ဂါဝန်ဝတ်လာခဲ့။"

သူ့လက်တစ်ဖက်ကမူ သူမပေါင်ပေါ်တွင် အန္တရာယ်ရှိစွာ တင်ထားဆဲဖြစ်သည်။ သို့သော် သူ့ဘက်မှ စိုက်ထုတ်ရှင်းခဲ့ရသည့် ငွေပမာဏကို Cheng Xi ပြန်အမှတ်ရသွားသည့်အခါ 'ထားလိုက်ပါတော့၊ ငါသူ့အပေါ် အကြွေးတင်နေတာပဲလေ၊' ဟုတွေး၍ ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအဖြေကြားချိန်မှသာ Lu Chenzhou သည် သူမကို အသာတကြည်ပင် လွှတ်ပေးတော့သည်။

ထိုညက Cheng Xi သည် ညစ်ညမ်းသည့်ပုံရိပ်များဖြင့် ပြည့်နေသည့် အိပ်မက်တစ်ခု ထပ်မက်ပြန်သည်။ အကြောင်းအရာအသေးစိတ်ကို သူမ မသိတော့သည့်တိုင် အိပ်ရာနိုးပြီးချိန်ထိပင် မှတ်မိနေသေးသည့် အရာတစ်ခုမှာ - သာယာသည့် နေ့တစ်နေ့တွင် အမျိုးသမီးတစ်ဦးသည် ယောက်ျားတစ်ယောက်၏ ချောင်ပိတ်ထားခြင်း ခံလိုက်ရသည်။ အနည်းငယ် အေးစက်နေသည့် သူ့လက်ချောင်းများက သူမခါးနေရာတစ်ဝိုက်တွင် အသာအယာပွပ်သပ်မှုပြုနေပြီး ထို့နောက်၌မူ သူမကိုယ်တွင်းသို့ ဝင်ရောက်သွားတော့သည်......

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Onde histórias criam vida. Descubra agora