အခန်း (၇၈)

576 82 0
                                    

Unicode - လက်ထပ်ရအောင်

Cheng Xi ဘက်မှ မျက်နှာတည်လေးဖြင့်သာ ပြန်ဖြေရတော့သည်။ "ပါမောက္ခ၊ ကျွန်မမှာ ချစ်သူရှိပါတယ်။"

Cai Yi က တပည့်ဖြစ်သူကို အသေအချာကြည့်ရင်း 'အို' ဟူ၍ အသံခပ်တိုးတိုးပြုလာသည်။ သူ့အရှေ့မှ မိန်းမပျိုလေးမှာ အလွန်နုပျိုချောမောသည့် မျက်နှာပိုင်ရှင်ဖြစ်ပြီး ငယ်ရွယ်လှပကာ သွက်လက်ချက်ချာသူလေးဖြစ်သည်။ ထိုအရာတို့ကြောင့်ပင် Cheng Xi ကို သူ သဘောကျနှစ်သက်သည်။ ဤတပည့်မလေးကို သိခဲ့သည်မှာ ယခုဆိုလျှင် အချိန်အတော်ကြာအောင်ပင် ရှိပြီဖြစ်သည်။

Cai Yi သူမကို ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က Cheng Xi သည် စီနီယာကောလိပ်ကျောင်းသူ တစ်ယောက်ဖြစ်ပြီး လက်တွေ့ဆင်းရသည့်အချိန်၌ ကျောင်းသားအုပ်ကြီး ၏ နောက်မှလိုက်ပါလာခြင်း ဖြစ်သည်။ အခြားကျောင်းသားများက စိတ်ဒေနာခံစားရသည့်လူနာနှင့် ရင်ဆိုင်တွေ့ရခြင်းကို ရှိုးတိုးရှန့်တန့် ဖြစ်နေကြချိန်၌ သူမကမူ ထိုလူနာအနားသို့ပင် လျှောက်သွားပြီဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်၌ပင် သူမ၏ ဖျတ်ဖျတ်လတ်တက်ကြွမှုတို့က တစိုးတစိလေးမျှပင် လျော့နည်းသွားခြင်းမရှိ၊ ဤသည်မှာ ငယ်ရွယ်နုပျိုသည့် အသက်အရွယ် သက်သက်ကြောင့်မဟုတ်ဘဲ မိမိ၏ အသက်မွေးဝမ်းကြောင်း အလုပ်အပေါ်၌ ထားရှိသည့် Cheng Xi ၏ စိတ်ဓာတ်ပြင်းပြမှုနှင့် ချစ်မြတ်နိုးစိတ်တို့ကြောင့် ဖြစ်သည်။

သို့သော် Cai Yi က ထိုအရာများအားလုံးကို ဘေးဖယ်ထားလိုက်ပြီး အရေးမကြီးဟန်ဖြင့် မေးလိုက်သည်က "မင်းတို့တွဲဖြစ်တာ ဘယ်လောက်ကြာပြီလဲ။" ချစ်သူသက်တမ်း မကြာသေးကြောင်းကို ကြားသည့်အခါ Cai Yi က စုတ်သပ်ရင်း "မင်းတို့က ချစ်စခင်စ အဆင့်မှာပဲရှိသင့်သေးတာဆိုပေမဲ့ မင်းမျက်နှာပေါ်မှာ အဲ့ဒီလိုပြုံးပျော်ကြည်နူးနေတာတွေလည်း ငါမတွေ့ပါလား။"

Cheng Xi က ရယ်စရာလေးလုပ်ပြီး ပြန်ဖြေသည်။ "ဝိုး… ပါမောက္ခက မျက်နှာဖတ်တတ်တယ်ဆိုတာ ကျွန်မလည်း မသိလိုက်ပါလားနော်။"

Cai Yi ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသွားသည်။ "ဒါပေါ့၊ ငါက စိတ်ရောအထူးကု ဆရာဝန်တစ်ယောက်ပဲ! အခုတလော စိတ်စိစစ်မှုပညာရပ်ကို ငါ အရမ်းစိတ်ဝင်စားနေတာဆိုတော့ အခြားလူတွေရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး အကဲခတ်နိုင်တဲ့စွမ်းရည်တွေ တိုးလာတယ်လေ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now