အခန်း (၆၁)

669 85 0
                                    

Unicode - ဖိတ်ကြားလွှာ

Cheng Xi ၊ သူမ၏လုပ်ဖော်ကိုင်ဖက်များ၊ Lin Fan နှင့် Meng Qingyang တို့အားလုံး ညနေစောင်းသည့်တိုင်အောင် ထိုရေလှောင်တမံ၌ပင် နေဖြစ်ကြသည်။ ထို့နောက်တွင် Cheng Xi မိဘများ၏နေအိမ်သို့ အားလုံးသွားကြသည်။

Lin Fan မှာ Cheng Xi ၏ အဖော်အုပ်စုနှင့်အတူ ရောပါလာခြင်းဖြစ်၍ စစချင်း၌မူ Cheng Xi မိခင်က သူ့ကို လုံးဝမမှတ်မိပေ။ သူမကိုယ်တိုင် Lin Fan နှင့် မိခင်ဖြစ်သူကို မိတ်ဆက်ပေးမှသာ အံ့အားသင့်စွာဖြင့် ပြောလာတော့သည်။ "ဟယ်၊ မင်းက Lin Fan ပေါ့။ အများကြီး ပြောင်းလဲသွားလိုက်တာ ကြည့်စမ်း!" ထို့နောက် Lin Fan ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ "မင်းက အရင်ကထက်တောင် ပိုပြီး ခန့်ချောကြီးဖြစ်သွားတာပဲ!"

သူနာပြုဆရာမကြီးက Cheng Xi မိခင်နှင့်အတူ အမဲသားခြောက်ကြော်လုပ်ရင်း အားလုံးအတွက် ညနေစာချက်ပြုတ်ရာတွင်ပင် ကူညီလိုက်သေးသည်။ အားလုံးက ပျော်ပျော်ရွှင်ရွှင်နှင့် စားကြသောက်ကြကာ ညဉ့်နက်သည့်အချိန်ရောက်မှ ပြန်သွားကြတော့သည်။

Cheng Xi ကမူ ပြန်မလိုက်သွားဖြစ်တော့။ ယခုကဲ့သို့ သူမ အိမ်ပြန်ဖြစ်သည်မှာ ရှားရှားပါးပါးဖြစ်၍ အနည်းဆုံးတော့ မိဘများနှင့်အတူ နောက်ထပ်တစ်ရက် နေပေးရမည်ဖြစ်သည်။ သူတို့အားလုံးကို သူမ လိုက်ပို့သည့်အခါ Lin Fan က အိမ်ပြန်ရန် နောက်ဆုံးကျန်သူများထဲမှ တစ်ယောက်ဖြစ်သည်။ Cheng Xi နှင့် သူတို့နှစ်ယောက် တရားဝင်ချစ်သူဖြစ်ကြသည့် ပထမဦးဆုံးသော ပိတ်ရက်အချိန်ကလေးတွင် လူပိုလူရှုပ်များစွာ ရှိနေခြင်းကြောင့် Lin Fan စိတ်ထဲ၌ မကျေမနပ်ဖြစ်နေမိသည်။

ထို့ကြောင့် Cheng Xi သူ့ကိုနှစ်သိမ့်ရတော့သည်၊ "ကိစ္စမရှိပါဘူး၊ ငါတို့မှာ အချိန်တွေအများကြီး ရှိပါတယ်ဟာ။" ထို့နောက် ကားထဲ၌ ငြိမ်သက်စွာထိုင်နေသည့် Meng Qingyang ကိုကြည့်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်မှာ "သူ့ကြည့်ရတာ စိတ်ဓာတ်ကျနေတာပဲ ဖြစ်မှာ။ သူ့ကို ငါတစ်ယောက်တည်း ကုဖို့က နည်းနည်းအခက်အခဲဖြစ်နေတာဆိုတော့ ဆေးရုံသွားပြီး စိတ်ပိုင်းဆိုင်ရာအကူအညီ ယူနိုင်ရင်အကောင်းဆုံးပဲ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Όπου ζουν οι ιστορίες. Ανακάλυψε τώρα