အခန်း (၇၃)

552 82 0
                                    

Unicode - အိပ်ပျော်နေသော အချောလေး

“ဒါတွေအားလုံးက ဟန်ဆောင်ထားတာပါလို့ ရှင် ပြောမလို့လား။ ကျွန်မတော့ မထင်ဘူး။”

Lu Chenzhou က သူပြောခဲ့လိုက်သည့် စကားများအတွက် အနည်းငယ်ဂုဏ်ယူနေပုံပေါ်နေကာ Cheng Xi ဘာဆက်ပြောမည်ကို စောင့်ကြည့်ရန် မျက်လုံးဖွင့်လာသည်။ 

Cheng Xi ထံမှတုံ့ပြန်လာသည်က “အနည်းဆုံးတော့ ဒီအရာတွေကိုသတိမပြုမိတာက ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးလေ။ ရှင့်အဘိုးအဘွားတွေကလည်း ဒီလိုတွေးလိမ့်မယ်လို့ ကျွန်မ မထင်ဘူး၊ ဘာလို့လဲဆိုတော့ ရှင်က ထက်မြက်တယ်၊ လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ ဖြောင့်မတ်မှန်ကန်ပြီးတာ့ ကြင်နာစိတ်သဘောထားကောင်းတဲ့ ကလေးတစ်ယောက်လို့ သူတို့ အမြဲယုံကြည်ထားခဲ့လို့ပဲ။

ပြီးတော့ ရှင့် သူငယ်ချင်းတွေကလည်း ဒါကို သတိမပြုမိပါဘူး။ Baldy ဆိုရင် ရှင့်ကို အရမ်းကာကွယ်ပေးတာ။ ဘာလို့လဲဆိုတော့ ရှင်က သစ္စာရှိပြီး သူ့ကိုအမြဲကူညီပေးတဲ့လူလို့ သူတွေးထားတာလေ၊ ဒါကြောင့်လဲ ရှင့်ကို သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေအဖြစ် သတ်မှတ်တာပေါ့။ လူတွေအများကြီးကတောင် သတိမထားမိကြဘူးဆိုရင် အဲ့ဒီအရာက ရှင့်ရဲ့ တကယ့်အစစ်အမှန် မဟုတ်နိုင်ပါဘူးလို့ ရှင်ဘယ်လိုပြောမလဲ။

သေချာတွေးကြည့်ရင် စောစောက ရှင်ပြောလိုက်တာကပဲ အလိမ်အညာစကားတွေ ဖြစ်ချင်ဖြစ်နေမှာ။ တကယ်တမ်းတော့ ရှင်က လက်တွေ့ဘဝမှာ ထက်မြက်တဲ့လူ၊ ရုပ်ချောပြီး စာနာစိတ်ထားရှိတဲ့အပြင် ဇွဲကောင်းတဲ့လူတစ်ယောက်တောင် ဖြစ်နေနိုင်တယ်... ဒါတွေကို ရှင် သတိမပြုမိသေးတာပဲ ရှိတာပါ။”

Lu Chenzhou နားထောင်နေရင်းနှင့် သူ့မျက်နှာပေါ်မှ မိမိကိုယ်ကို ဂုဏ်ယူနေဟန်တို့သည် ဇဝေဇဝါဟန်အမူအရာအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ သူမပြောသည့် စကားများအတိုင်း ဖြစ်နိုင်သလားဟူ၍ သူ့ကိုယ်သူ မေးခွန်းထုတ်နေသကဲ့သို့ပင် ဖြစ်သည်။

Cheng Xi ပြုံးရင်းနှင့် သူ့လက်ကို လှမ်းဆွဲယူလိုက်သည်။ “ကဲ... ဒီကိစ္စကို နောက်မှပဲရှင့်ဘာသာရှင် ပြန်တွေးကြည့်လိုက်ပေါ့။ အခုလောလောဆယ်တော့ ရှင့်အခြေအနေကို စမ်းကြည့်ရအောင်လေ၊ ဟုတ်ပြီလား။” ထို့နောက် ကုတ်ခြစ်ထားသည့် အစင်းကြောင်းရာများအပေါ်၌ သူမ လက်ချောင်းများဖြင့် ခပ်ဖွဖွဖိလိုက်ရင်း သက်ပြင်းလေးချကာ မေးတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now