အခန်း (၁၃၄ - က)

259 35 1
                                    

Unicode - ကန့်သက်ချက်ကို ချိုးဖျက်ရအောင်။ 

Cheng Xi ဆွံ့အသွားမိသည်။ ထိုဖုန်းကိုင်ရမည်လား၊ မကိုင်ရမည်လားဆိုသည်ကို သူမ မဆုံးဖြတ်နိုင်သေးခင်၌ပင် Shen Wei သည် သူမကိုယ်စား ဖုန်းဖြေလိုက်ပြီ ဖြစ်သည်။

ချက်ချင်းဆိုသလို Lu Chenzhou ၏အေးတိအေးစက် စကားသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။ "ဘယ်မှာလဲ။"

Cheng Xi ကိုယ်စား Shen Wei ဝင်ဖြေလိုက်သည်။ "Donglai အပြင်ဘက်နားလေးမှာ ရောက်နေကြတာ။"

Lu Chenzhou ဘက်မှ အချိန်ခဏခန့် တိတ်ဆိတ်သွားသည်၊ "သူ့ကို ဖုန်းပေးလိုက်။"

Shen Wei တစ်ယောက် မကျေမချမ်းအသွင်နှင့် ကျွတ်သပ်ကာ စိတ်မဝင်စားဟန်ဖြင့် တစ်ဘက်လှည့်သွားတော့သည်။

ထိုအခါ Cheng Xi သည် ဖုန်းစပီကာပိတ်၍  "ဟယ်လို?" ဟု ဖြေလိုက်သည်။

Lu Chenzhou ထံမှ ဗြုန်းစားကြီးပြောလာသည်က "ငါဒီနေ့ အားတယ်။"

Cheng Xi ပြုံးလိုသည့်တိုင် စောစောက ဖြစ်ရပ်တို့ကြောင့် စိတ်ထဲ၌ ရင်လေးနေဆဲဖြစ်၍ သူမ သက်ပြင်းချကာ "ကျွန်မတို့ ငါးကင်သွားစားကြမလို့။ ရှင် လိုက်မလား။"

"ဘာဖြစ်ဖြစ် ရတယ်။"

ဤသို့ဖြင့် သူမတို့နှစ်ယောက် ထိုနေရာ၌ရပ်ရင်း Lu Chenzhou အလာကို စောင့်ရတော့သည်။ Shen Wei သည် အခြားသူများကို ဖုန်းလှမ်းဆက်ထားခဲ့ခြင်း ဖြစ်သည့်တိုင် ယနေ့သည် ရုံးဖွင့်သည့်ကြားရက်ဖြစ်နေ၍ လူအတော်များများ မအားလပ်ဘဲဖြစ်နေသည်။ သို့သော် Tian Rou သည် ကိုယ်ပိုင်လုပ်ငန်း ဖွင့်ထားသူဖြစ်၍ ချက်ချင်းပင် ရောက်ချလာသည်။

လူအများစု မလာနိုင်ကြသော်လည်း Shen Wei သည် လက်လျှော့သွားခြင်းမရှိ၊ ရောက်လာသည့် လူအနည်းငယ်နှင့်ပင် ဝိုင်းဖွဲ့လိုက်သည်။ ထိုလူအုပ်ကိုကြည့်ရသည်မှာ လွတ်လွတ်လပ်လပ်နှင့် ပျော်ပျော်ပါးပါး ရှိနေကြပုံပေါ်သည်။

နောက်ဆုံးတွင် စားပွဲတစ်ဝိုင်းစာ လူအပြည့် စုမိသွားကြလေသည်။ Lu Chenzhou ပါ ရောက်လာသည်ကို Rou တွေ့သည့်အခါ Cheng Xi ကို တံတောင်တွတ်၍ စနောက်တော့သည်။ "နင့်ဘေးနားမှာ လူပိုလူရှုပ်တွေ ဒီလောက်အများကြီးရှိနေရင် သူဒေါသထွက်မှာ နင်လုံးဝမကြောက်ဘူးလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now