အခန်း (၉၅)

498 76 0
                                    

Unicode - ငါ့ရင်ခုန်သံ မြန်နေလား။

Cheng Xi သည် ဤမျှထိ အဆက်အသွယ်ကောင်းနေပါလျှင် မည်သည့်အတွက်ကြောင့် လူနာတစ်ယောက်အတွက် ဤမျှအထိဒုက္ခခံ၍ Cai Yi နှင့် အတိုက်အခံလုပ်နေရသည်ကို ဌာနမှူး အံ့ဩနေမိသည်။ Lu မိသားစုကို ရင်းနှီးမြုပ်နှံမှုများ ဆက်မလုပ်တော့ရန် သူမ ပြောလိုက်နိုင်သည် မဟုတ်ပါလား။ Lu မိသားစုသည် Cai Yi ၏ အဓိကရင်းနှီးမြုပ်နှံသူ ဖြစ်နေခြင်းကြောင့် Cai Yi က ဘာမဟုတ်သည့် လူနာတစ်ယောက်အတွက် သူတို့နှင့် အငြင်းအခုံလုပ်မည့်ပုံမပေါ်။

သူမကိစ္စနှင့်ပတ်သက်၍ မလိုအပ်ပဲ စိုးရိမ်စိတ်ပူပေးခြင်းဖြင့် သူ့အချိန်များကို အမှန်ပင် ဖြုန်းတီးမိခဲ့သည်!

ထို့ပြင် သူမအတွက် ကောလာဟလကိစ္စများကို ရှင်းထုတ်ရန် လူနာ၏မိသားစုဝင်ဖြစ်သူကိုပင် ခေါ်ခဲ့မိသည့်လုပ်ရပ်ကို တွေးကြည့်သည့်အခါ... သူ မည်မျှ ရူးမိုက်ခဲ့ပါသနည်း။

ဌာနမှူးက သူမကို အကူအညီပေးရန် အမှန်ပင် ကြိုးစားနေခြင်းဖြစ်ကြောင်းကို Cheng Xi နားလည်သည့်အတွက် သူ၏အပြုအမူကြောင့် ရင်ထဲ၌ အလွန်ကြည်နူး နွေးထွေးသွားရသည်သာ။ မျက်ရည်များပြည့်ဝဲနေသည့် မျက်ဝန်းတို့နှင့်အတူ သူ၏စိတ်ပျက်သွားမှုတို့ကို နှစ်သိမ့်စကားဆိုရန် သူမ ကြိုးစားလိုက်သည်။ "ဌာနမှူးက တကယ်ကောင်းတဲ့ လူတစ်ယောက်ပါ။ ဌာနမှူးလို ဘောစ့်တစ်ယောက်ရှိနေမှတော့ ကျွန်မတို့ စိတ်ရောဂါကုဌာနက လုံးဝဂရိတ်ဖြစ်နေတာ မဆန်းတော့ပါဘူး! စိတ်မပူပါနဲ့၊ ကျွန်မ အလုပ်ကြိုးစားမှာ၊ ပြီးတော့ ဌာနမှူးနဲ့ Renyi အရှက်ရအောင် လုံးဝလုပ်မှာ မဟုတ်ပါဘူး!

ရင်တွင်းခံစားချက်တို့ကို ဆက်လက်ထိန်းထားနိုင်စွမ်းမရှိတော့သည့် ဌာနမှူးမှာ လက်ကာပြရင်း ခပ်ပြတ်ပြတ်ပြောချလိုက်သည်က "တော်၊ တော်။ မင်းငါ့အတွက် ပြဿနာမဖြစ်အောင် လုပ်ပေးနိုင်ရင်ပဲ လုံလောက်​နေပြီ။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ မင်းလုပ်ခဲ့တာတွေကို ပြန်တွေးကြည့်......."

Cheng Xi က တည်ငြိမ်စွာပင် ထုချေလွှာတင်သည်၊ "ကျွန်မ အမှားတစ်ခုမှ မလုပ်ခဲ့ဘူးလေ။" သူမ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည်၊ ကျင့်ဝတ်စည်းမျဉ်းများအတိုင်း လိုက်နာသည့်အပြင် စံပြနိုင်ငံသားတစ်ယောက်ဖြစ်သကဲ့သို့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now