အခန်း (၁၁၁)

465 52 0
                                    

Unicode - မင်းမျက်နှာက နီရဲနေတာပဲ!

Cheng Xi လန့်ဖျပ်သွားရသော်လည်း ဖွင့်ဟလှစ်ပြထားသည့် Lu Chenzhou ၏ ခန္ဓာကိုယ်ကို အရှက်မဲ့စွာ ငမ်းငမ်းတက်ကြည့်နေမိသည်။ ကိုယ်ပေါ်မှစောင်ဖယ်လိုက်သည့်အခါ သူ၏ ဗလာကျင်းထားသည့် ဝတ်လစ်စားလစ် ကိုယ်လုံးကိုယ်ထည် ပေါ်လာသည်။ အသားကြမ်းသည့် အနီရောင်စောင်ထူကြီးနှင့် သူ၏ဖြူဖွေးဝင်းမွတ်သည့် အသားအရေကို နှိုင်းယှဉ်ကြည့်လိုက်ပါက သိသိသာသာကြီးပင် ထင်ရှားနေတော့သည်။ ထို့ပြင်၊ သူ၏ တောင့်တင်းသန်မာသည့် ကြွက်သားထုကြီးက လှုပ်ရှားမှုပြုလိုက်ချိန်တွင် ကြံ့ခိုင်အားကောင်းမည့် အသွင်မျိုးရှိနေပြီး ထိုခန္ဓာကိုယ်သည် ပြီးပြည့်စုံစွာ အချိုးအစားကျနေသည်။ ဆိုဖာပေါ်တွင် လှဲအိပ်ချလိုက်သည့်အခါ သူ့ခန္ဓာကိုယ်၏ ပြေပြစ်လှသည့် ကောက်ကြောင်းအလှက ကြည့်ကောင်းလွန်းနေသဖြင့် တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ထားသင့်ပေတော့သည်။

တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်တွင် Cheng Xi ဒေါသမထွက်နိုင်တော့- ရုပ်ပျက်ဆင်းပျက်နှင့် သွားရည်မကျမိစေရန် ကိုယ့်ကိုယ်ကိုယ်ပင်လျှင် အနိုင်နိုင်ထိန်းနေရသည်။ ဘုရားရေ! ဤသည်မှာ လူ့ခန္ဓာကိုယ်သည် သူမအား မည်မျှအထိပင် ဆွဲဆောင်မှုပြုနိုင်ကြောင်းကို Cheng Xi ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင် ဖြစ်သည်!

ထိုနေရာသို့ အလျင်အမြန်လျှောက်သွားကာ သူ့တစ်ကိုယ်လုံးကို စောင်ဖြင့်ပြန်အုပ်လိုက်ပြီး စိုးရိမ်မကင်းဖြစ်နေဟန်ဖြင့် ပြောလိုက်သည်မှာ "အပူပေးစက် မဖွင့်ထားဘူး၊ ဒီတော့ အအေးမမိစေနဲ့။" ထို့နောက် စောင်ကို လက်ချောင်းလေးများဖြင့် ထိကိုင်ကြည့်ကာ "ဒီစောင်က တကယ့်ကို အရည်အသွေးကောင်းတာပဲ။ ရှင်ယူလာတာလား။"

╭(╯ε╰)╮ သူမ ဘာပြောရမှန်းမသိ ဖြစ်နေခြင်းပင် ဖြစ်သည်။

သို့သော် Lu Chenzhou က သူမကို အလွတ်မပေးသေးပေ။ Cheng Xi မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ရင်း "မင်းမျက်နှာ နီရဲနေတယ်။ ဝိုး၊ မင်းနားရွက်ထိပ်တွေက လုံးဝကိုနီရဲနေပြီပဲ။"

"......"

"မင်း ရှက်နေတာလား။"

ရှင်မြင်နေရတယ်ဆိုပြီး အသံကျယ်ကျယ်နဲ့ ထုတ်ပြောဖို့ မလိုဘူး သိရဲ့လား။ ရှက်စိတ်နှင့်အတူ Cheng Xi ဒေါသထွက်လာကာ Lu Chenzhou ဆံပင်ကိုလှမ်းဆွဲရင်း စိတ်ဆိုးဆိုးဖြင့် အားပါးတရ ဆုပ်နယ်ပစ်လိုက်သည်။ ထို့နောက်တွင် သူငေးကြောင်နေချိန်၌ သူမက "ဟုတ်တယ်၊ ကျွန်မမျက်နှာက နီရဲနေတယ်။ ကျေနပ်ပြီလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now