အခန်း (၁၂၉)

240 40 1
                                    

Unicode

🚨 ဤအခန်းတွင် အသက်မပြည့်သူများ ဖတ်ရှုရန်မသင့်သည် စာသားများပါဝင်သည်။ 🚨

ယောကျ်ားနှင့်မိန်းမတို့ကြား၌ အကြောင်းဖန်လာသည့်အခါ ကိစ္စများက အလိုလိုဖြစ်ပေါ်လာပေမည်။ သို့သော် ထိုအရာကို ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ခြင်းကမူ.......

ယခုချိန်၌ Cheng Xi သည် စားလက်စဆန်ပြုတ်ပန်းကန်ကို Lu Chenzhou ၏မျက်နှာထက်သို့ အမှန်ပင် ပစ်ပေါက်လိုက်ချင်တော့သည်!

သူမ ပါးနှစ်ဖက်လုံး ဖောင်းအစ်လာကာ သူ့ကို စိတ်ဆိုးဆိုးဖြင့် စိုက်ကြည့်လိုက်သည်။ "ရှင့်ဘက်က အဆင့်ကျော်တာ အရမ်းမြန်နေတယ် မဟုတ်ဘူးလား။"

Cheng Xi အနေဖြင့် သူ့ကို ချစ်သူရည်းစားအဖြစ် သတ်မှတ်သဘောထားရန် မကြာမီကသာ ကိုယ့်စိတ်ကိုယ် ပြောင်းလဲပြင်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း သူ့ဘက်မူ နှစ်ယောက်အတူအိပ်ကြရန်ပင် တောင်းဆိုမှုပြုလာပြီဖြစ်သည်....... သူမ ဒုံးပျံစီး၍ သူ့နောက်လိုက်သည့်တိုင်အောင် Lu Chenzhou ကို မှီနိုင်မည်မဟုတ်ပေ။

ပါးနှစ်ဖက်ကို စူဖောင်းထားသည့် သူမအသွင်က ထိကိုင်ရသည်မှာ နူးညံ့ချောမွတ်သည့် သူ၏ အဖြူရောင်ဖားရုပ် tea pet ကလေးနှင့်တူနေသည်ဟု Lu Chenzhou တွေးမိသည်။ ထိုအရုပ်ကလေး ရေစိုသွားချိန်တိုင်းတွင် သူ့စိတ်ထဲ၌ ဆွဲညှစ်ပစ်လိုသည့် စိတ်ဆန္ဒတို့ ဖြစ်သွားရသည်သာ။

သို့သော် "အရေးကြီးကိစ္စများ" ဆွေးနွေးနေကြခြင်းဖြစ်၍ ထိုမြူဆွယ်ဖျားယောင်းဒဏ်ကို တောင့်ခံထိန်းချုပ်ရန် Lu Chenzhou ဆုံးဖြန်ချက်ချလိုက်သည်။ "အရမ်းမြန်နေလို့လား။" ထို့နောက် နှစ်ယောက်သားလုပ်ဖြစ်ခဲ့ကြသည့် အရာများကို အောက်ငုံ့တွေးကြည့်ရင်း ပြန်လည်စဉ်းစားကြည့်သည်။ "ငါမင်းကို စပြီး ပိုးပန်းတဲ့အချိန်ကနေပဲ တွက်ကြည့်ရင်တောင် အခုဆိုရင် ငါတို့ ဒိတ်လုပ်ဖြစ်တာက ဆယ့်ငါးကြိမ်၊ နမ်းဖြစ်ကြတာ ဆယ့်နှစ်ကြိမ်ရှိနေပြီ။ ပြီးတော့ အဲဒီအချိန်ကနေစပြီး မင်းရဲ့သဘောထားက စိတ်ပါလက်မပါမရှိတဲ့ အခြေနေကနေ အင်တင်တင်ပုံစံနဲ့ လက်ခံလာတဲ့အပြင် တခြားဘာကိုမှ ဂရုစိုက်မနေတော့တဲ့အဆင့်ထိ တဖြည်းဖြည်း ပြောင်းလဲသွားတယ်၊ ဒီနေ့ဆိုရင် မင်းက ကိုယ့်သဘောနဲ့ကိုယ်တောင် ငါ့ကိုနမ်းလာသေးတာ။ ဒီတော့ ငါတို့ရဲ့ တိုးတက်နှုန်းအတိုင်းဆိုရင် အချိန်ကျပြီလို့ ထင်တယ်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now