အခန်း (၄၃)

784 136 5
                                    

Unicode - အမှားဝန်ခံခြင်း

Cheng Xi ထိုအကြောင်းကို ဖုန်းထဲ၌တွေ့သည့်အခါ သက်ပြင်းရှည်ကြီး ချမိတော့သည်။

သတင်းထဲတွင် Chen Fuguo ကို အိမ်နီးနားချင်းများအား အဆိပ်ခပ်ခဲ့သည့် သံသယတရားခံအဖြစ် ဖော်ပြထားသည်။ ထိုဆောင်းပါးက ခပ်ရှည်ရှည်မဟုတ်ဘဲ သူ၏ရည်ရွယ်ချက်နှင့် လုပ်ရပ်များကို အကျဉ်းရုံးရေးသားထားသည်။

Chen Jiaman ၏အမှုမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်၍ Chen Fuguo သည် လူသတ်ရန်ကြံစည်ထားရခြင်းမှာ ရန်ငြိုးဟောင်းရှိနေသည့် အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် အိမ်နီးချင်းများက သူ၏အကွက်ထောင်ချောက်ထဲသို့ ကျရောက်သွားခြင်းကမူ အခြေအနေကို သတိမထားတတ်သည့် ၎င်းတို့၏စရိုက်သဘာဝနှင့် အရသာရှိလှသည့် ငါးပူတင်းဟင်းလျာ၏ စွဲဆောင်မှုမက်လုံးကြောင့်ဖြစ်သည်။ ဤသို့ဖြင့် လူသုံးယောက်၏အသက်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

"ဘာကိစ္စဖြစ်လို့လဲ။" သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရေသောက်ရန်လာရင်း Cheng Xi ၏ မျက်နှာကိုတွေ့သည့်အခါ ဤမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

Cheng Xi လည်းကြိုးစားပြီး ပြုံးပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ငါမနေ့ညက ကောင်းကောင်းအိပ်မပျော်လိုက်လို့ လူက သိပ်မလန်းဘူးဖြစ်နေတာ။" 

"ဟယ်၊ နင် ခုတင်နံပါတ် ၂၄ ကလူနာကို တစ်ညလုံးစောင့်ပေးပြန်တာလား။"

Renyi ဆေးရုံအနေ၏ စိတ်ရောဂါကုဌာနသည် ၎င်းတို့၏ ဆန်းသစ်သည့်ကုသမှုနည်းလမ်းပုံစံကြောင့် လူသိများထင်ရှားသော်လည်း Cheng Xi ကဲ့သို့ ကုသမှုနည်းလမ်းသစ်တစ်ခု ဖော်ထုတ်နိုင်ရန်အတွက် ရေကုန်ရေခမ်းကြိုးစားတတ်သည့်သူမျိုးကို သူမ၏လုပ်ဖော်ကိုင်ဖက်အနေဖြင့် ရှားရှားပါးပါး တွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် "နင်ဒီလိုပုံစံမျိုးနဲ့ ရှေ့ဆက်သွားနိုင်မယ်ဆိုတာ သေချာလား။"

သူမ၏လုပ်ဖော်ကိုင်က အပြည့်အဝ ယုံကြည်ထားခြင်းမရှိသဖြင့် ထိုအရာကို ဖြည်းဖြည်းချင်းသာ လုပ်သွားရန် ဖျောင်းဖျနေခြင်းဖြစ်သည်။ "သူ့ရောဂါက အစကတည်းကကို အဖြစ်နည်းတဲ့ဟာမျိုး၊ ပြီးတော့ တစ်ချို့လူတွေမှာ လက္ခဏာတွေက ခပ်ဆင်ဆင်ဆိုပေမဲ့ တကယ့်ရောဂါအမှန်ကျတော့ လုံးလုံးကြီးကွဲနေတာမျိုးလည်း ရှိနိုင်တယ်။ နင်ကတော့ နင့်ရဲ့လူသားဆန်ပြီး မေတ္တာပြည့်ဝတဲ့နည်းလမ်းတွေကို ကြိုးစားနေပေမဲ့ သူ့အတွက်တော့ အဲ့ဒီဟာတွေက တကယ်အလုပ်ဖြစ်ပုံ မပေါ်ဘူး။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now