အခန်း (၆၄)

707 107 0
                                    

Unicode - အရိုင်းအစိုင်းကောင်လား၊ တိရစ္ဆာန်ကောင်လား

Cheng မိသားစုတို့မှာ ဤတိုက်ခန်း၌ နှစ်ပေါင်းအတော်ကြာကပင်နေထိုင်ခဲ့သဖြင့် တစ်နည်းအားဖြင့်ဆိုရလျှင် Cheng Xi က အိမ်နီးနားချင်းများ၏ မျက်စိရှေ့၌ပင် အရွယ်ရောက်ကာ ကြီးပြင်းလာခြင်းဖြစ်သည်။

ပြတင်းပေါက်ဖွင့်၍ သူမတို့နှစ်ယောက်အား လှမ်းအော်ခဲ့သည့်လူကို Cheng Xi သိသည်။ ထိုသူက သူမဖခင်ထက် နှစ်အနည်းငယ်သာ အသက်ကြီးသော်လည်း စာအုပ်ကြီးအတိုင်းပြောရလျှင်မူ သူမတို့အဘိုးခေတ်မှ လူကြီးတစ်ယောက်ပေ။ သူမမိဘဆိုင်မှ ထိုလူအကြိုက်ဆုံး အစားအစာမှာ အယ်လ်ကာလီခေါက်ဆွဲပင်ဖြစ်သည်။

(T/N : ဝတ္ထုထဲမှာ alkaline noodles လို့ရေးထားတာ မြန်မာလို ဘယ်လိုခေါ်လဲမသိလို့ အယ်လ်ကာလီခေါက်ဆွဲလို့ပဲ သုံးလိုက်ပါတယ်။ Wikipedia မှာတော့ ခေါက်ဆွဲလုပ်တဲ့အခါ ဂျုံအပြင် အယ်လ်ကာလီပါထပ်ထည့်ရတယ်လို့ ရေးထားပါတယ်။)

သူ့အသံက အလွန်ကျယ်သဖြင့် ညအမှောင်ထု၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး တစ်တိုက်လုံးတွင်ရှိနေကြသည့် လူများအားလုံးကိုပင် နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ အကြောင်းမှာ ထိုသို့အော်ပြောပြီးနောက်၌ မြေညီထပ်၏အပေါ်ခန်း၊ ထိုလူ၏အိမ်အောက်ထပ်မှအခန်းတို့အပြင် သူနှင့်အိမ်ချင်းကပ်နေကြသည့် အခန်းများ၏ပြတင်းပေါက်ဆီမှ လှုပ်ရှားသွားသည်တို့ကို ခပ်ရေးရေးလေး လှမ်းမြင်လိုက်ရသည့်အတွက်ကြောင့် ဖြစ်သည်။

Cheng Xi တစ်ယောက် Lu Chenzhou ကို ထိန်းကိုင်ထားရချိန်၌ တကျွတ်ကျွတ်မြည်သံတို့က ညချမ်းအချိန်သမယတွင် ထွက်ပေါ်လာသည်။ 'မထူးတော့ပါဘူး၊ ငကြောင်တစ်ယောက်ကို ငါက ရည်စားတော်လိုက်ရတဲ့အပြင် လူမြင်ကွင်းမှာ သူ့ကို နမ်းလိုက်တဲ့အချက်ကိုလည်း ဖုံးကွယ်လို့ရတော့မှာ မဟုတ်လောက်ပါဘူးလေ။'

ရာသီဥတုက အေးလွန်းသဖြင့် ထိုနေရာ၌ ဤအတိုင်းဆက်ရပ်နေ၍ မရပေ။ သူမအနေဖြင့် တောင့်ခံထားနိုင်သည့်တိုင် Lu Chenzhou ကမူ တစ်ခုခုဖြစ်သွားနိုင်သည်။ သို့သော် သူမတစ်ယောက်တည်း သူ့ကို ဆွဲခေါ်သွား၊ ပွေ့သယ်သွား၍ မဖြစ်နိုင်သည့်အတွက် အခြားလူထံမှ အကူညီတောင်းရုံသာ တတ်နိုင်တော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now