အခန်း (၁၁၉)

368 38 1
                                    

Unicode - အန္တရာယ်များသည့် ကိုယ်ဟန်အနေအထား

( T/N : ဤအပိုင်းတွင် ခွေးစိတ်ပေါက်နေသော Mr. Lu ကို တွေ့ရမည်ဖြစ်သည်။😅)

Cheng Xi တစ်ယောက် တစ်ကိုယ်တည်းမိန့်ခွန်းရှည်ကြီး ပြောချပြီးသည့်အခါ တည်ငြိမ်အေးဆေး၍ အလျင်မလိုသည့် ဟန်ပန်အမူအရာ ထုတ်ပြလိုက်သည်။ မျက်နှာပေါ်တွင် အပြုံးတစ်ချို့ရှိနေပြီး သူမ၏မျက်ဝန်းအကြည့်များက နူးညံ့ညင်သာနေသည်။

သူမသည် - သူ့အား စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်ဟူသော ခံစားချက်မျိုး Lu Chenzhou ကို မတွေးစေလိုသကဲ့သို့ သူ၏စိတ်ထဲတွင် အကျဉ်းအကျပ်ဖြစ်သွားမည်ကိုလည်း Cheng Xi မလိုလားပေ။

သူ၏ "ဘဝစီမံကိန်း" ကို လက်လွှတ်စေခြင်းသာဖြစ်ပြီး ထိုအရာသည် အမှန်ပင်လုပ်ဆောင်ရန် လိုအပ်ပါရဲ့လားဟူသည်ကို စဉ်းစားတွေးကြည့်ရန် အချိန်ခဏခန့်ယူစေလိုခြင်း ဖြစ်သည်။

Lu Chenzhou သူမကိုကြည့်လာချိန်၌ Cheng Xi ကလည်း သူနှင့် အကြည့်ချင်းဆုံကာ ရင်ဆိုင်တွေ့လိုက်သည်။ ထိန်ထိန်လင်းနေသည့် လမ်းမီးတိုင်အောက်တွင် သေသပ်ပုံကျသည့်ဝတ်စုံနှင့် မတ်မတ်ရပ်နေသော ထိုလူမှာ တသီးတသန့်ဆန်၍ ဂုဏ်ယူဝံ့ကြွားဟန်တို့ ရှိနေသည်။ နောက်ခံရှုမြင်ကွင်းမှာ လှပရင်ဖိုစရာကောင်းပြီး လင်းလင်းထင်းထင်းရှိနေသည့် သူ၏တည်ရှိနေမှုက အရာအားလုံးတို့ကို ဆိတ်သုဉ်းငြိမ်ကျစေသည်သာမက ဝေဝါးမှုန်ပါးသွားစေသည်။

"ငါမင်းကို ပိုးပန်းနေတာက အိမ်ထောင်ပြုချင်လို့၊ ဒါမှမဟုတ် ငါမင်းကို တကယ်ချစ်လို့' ဟုတ်လား။" Cheng Xi ပြောခဲ့သည့်စကားကို ဖြည်းဖြည်းချင်းရေရွတ်ရင်း ပြုံးလာကာ သူ့လက်ချောင်းများဖြင့် သူမပါးနှစ်ဖက်ကို ညှပ်လိုက်သည်။ "မင်းက လှတောင်မလှဘူး၊ ငါမင်းရဲ့ ပါးချိုင့်တစ်ဖက်ကိုမြင်တိုင်း ဆွဲညှစ်ပစ်ချင်တာပဲသိတယ်။ ပြီးတော့ လူတိုင်းအတွက် မင်း အကောင်းဆုံးလုပ်ပေးဖို့ အမြဲတမ်းကြိုးစားနေတာကိုက နည်းနည်းတောင် စဉ်းစားဉာဏ်မဲ့တယ်လို့ ပြောရမယ်။ ဒီတော့... ငါဘာလို့ ဒီလိုတွေလုပ်နေရတာလဲ။"

မိမိ၏လုပ်ရပ်များကို အလေးအနက်တွေးတောဟန် ပြုနေသည့်သူ့အား Cheng Xi ကြည့်လိုက်သည်။ သူ၏ (ရင့်ရင့်သီးသီး) မှတ်ချက်စကားများကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်များကို ကြိတ်မှိတ်သည်းခံနေရချိန်၌ ထိုပူပင်သောကများကြောင့်ပင် သူမ ဗိုက်နာချင်လာသည်။ Lu Chenzhou ၏ခံစားမှုအတွေးများကို ကူညီခွဲခြမ်းစိတ်ဖြာပေးရန် သူမ ပြင်လိုက်ချိန်၌ စောစောက သူထိကိုင်လိုက်သည့်နေရာတွင် စူးရှသည့်နာကျင်မှုကို Cheng Xi ရုတ်တရက်ခံစားလိုက်ရသည်။ Lu Chenzhou သည် သူမအနားသို့ ကိုယ်ကိုကိုင်းကာ ထို'အကြည့်ရဆိုးသည့် ပါးချိုင့်'ကို ကိုက်ချလိုက်ခြင်းပင် ဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Место, где живут истории. Откройте их для себя