အခန်း (၅၇)

697 118 2
                                    

Unicode

လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် Lin Fan ၏ပါတီမှာ အတော်လေး အသက်ဝင်လှသည်။ အားလုံးက သက်တူရွယ်တူများသာ ဖြစ်ကြ၍ အချင်းချင်း အဆင်ပြေနေကြသည်။

နေ့လည်စာ စားကြစဉ်တစ်လျှောက်လုံး Cheng Xi တစ်ယောက် အခြားသူများနှင့် ကွဲမထွက်ရလေအောင် အလိုက်သင့်အလျားသင့်နေရင်း ပြောသမျှကို တိတ်တိတ်လေးနားထောင်ပေးလိုက်သည်။ Lin Fan ကိုယ်တိုင်လည်း ဘာမှ များများစားစား ပြောစရာမရှိသည့်တိုင်အောင် သူ၏ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်က ယခင်ထက်ပို၍ ရုတ်ချည်းဆိုသလို တိုးတက်လာပုံပေါ်သည်။

ရံဖန်ရံခါများ၌ပင် နိုင်ငံခြားတွင် တွေ့ကြုံခဲ့ရသည့် စိတ်ဝင်စားစရာ အဖြစ်အပျက်များကို သူဝင်ပြောပြလာသည်။ သို့သော် သူ၏ပုံပြောစွမ်းရည်မှာ အမှန်ပင်အတော်လေး ညံ့ဖျင်းလွန်းနေသည်ဖြစ်ရာ လုပ်ဖော်ကိုင်ဖက်များကပင် သူ့ကို နောက်ပြောင်ကျတော့သည်။ "Lin Fan ၊ မင်းအဲ့ဒီအကြောင်းပြောပြတာက ကွန်ပျူတာပရိုဂရမ်တွေအကြောင်း presentation လုပ်တာလောက်တောင် စိတ်ဝင်စားဖို့မကောင်းဘူး။ ဒါနဲ့များတောင် အခုလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး ချောချောလှလှ ဆရာဝန်မလေးနဲ့ ချစ်သူဖြစ်အောင် လုပ်နိုင်ခဲ့ရတာလဲကွာ။"

အားလုံးက Cheng Xi ကို သူ၏ချစ်သူဟု ထင်နေကြခြင်းဖြစ်သည်။

Cheng Xi က အလုပ်ရှုပ်ခံကာ ရှင်းပြခြင်းမပြုသည့်အပြင် Lin Fan ကလည်း ထိုကိစ္စကိုမူ ရေငုံနှုတ်ပိတ် နေနေသည်။ သူတို့ စနောက်ပြောသံကိုကြားသည့်အခါ သူက သူမကိုကြည့်ပြီး ချိုသာစွာပြုံးကာ ကဗျာဆန်ဆန် ပြန်ဖြေတော့သည်။ "ဘာလို့လဲဆိုတော့ ငါက မျက်လုံးကောင်းလို့ပေါ့။"

"ဟာ!" အားလုံးက သူ့ကို ကတ်သီးကတ်ဖဲ့မေးခွန်းများ စ,မေးလာကြပြီး သူမတို့နှစ်ယောက်ဆီ အရက်ခွက်များ ထိုးပေးလာကြတော့သည်။ Cheng Xi မှာ ငြင်းခွင့်မသာတော့သဖြင့် အနည်းအကျဉ်း သောက်ဖြစ်သွားသော်လည်း Lin Fan ကမူ အတော်များများ သောက်လိုက်ရတော့သည်။ သူ၏ သောက်နိုင်သည့်နှုန်းမှာ ဆိုးဆိုးရွားရွားကြီးမဟုတ်သည့်တိုင် အရက်သောက်စဉ်အချိန်မှစ၍ သူ့မျက်နှာကြီးက နီမြန်းလာကာ မျက်ဝန်းများကမူ ဧပြီလ၏သစ်တော်ပန်းများတွင် တွဲခိုနေသည့် နှင်းရေစက်များသဖွယ် တောက်တောက်ပပနှင့် စွဲဆောင်မှုရှိနေကာ ပို၍ပင် အရောင်ထွက်လာသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now