အခန်း (၁၁၈)

343 27 1
                                    

Unicode - ရှင်ကျွန်မကို တကယ်ကြိုက်လား။

"မဟုတ်တာတွေ လျှောက်မပြောနဲ့...။" ဟု Cheng Xi ချက်ချင်းပင် လှမ်းပြောလိုက်သော်လည်း မိခင်ဖြစ်သူထံမှ လက်တစ်ဖက်ကြောင့် သူမ နှုတ်ဆိတ်လိုက်ရသည်။

Cheng မားမားမှာ မေ့လဲကျသွားတော့မလိုပင်ဖြစ်နေပြီး Lu Chenzhou အား အထိတ်တလန့်ဖြင့် ကြည့်နေသည်။ "မင်းတို့နှစ်ယောက် လက်ထပ်ကြပြီးပြီလား။"

မည်သည့်အတွက်ကြောင့် Cheng မားမား ဤကဲ့သို့မေးလာရကြောင်းကို Lu Chenzhou နားမလည်သည့်တိုင် "မဟုတ်ပါဘူး" ဟူ၍ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေပေးလိုက်သည်။

"ဒါဆို မင်းစကားက ဘာကိုဆိုလိုတာလဲ!"

Lu Chenzhou ၏မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့်အရိပ်အယောင်တို့ ခပ်ရေးရေးလေးဖြစ်ပေါ်လာသည်— အလွန်ပင်ဖျော့တော့လွန်းသဖြင့် သူ့အား သေသေချာချာကြည့်မနေပါလျှင် Cheng မိသားစုသုံးယောက်လုံး သတိပြုမိလိုက်မည် မဟုတ်ပေ။

Cheng Xi ၏စိတ်ထဲ၌ အလွန်ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။ သူမ Lu Chenzhou အား လှမ်းတားရန်ပြင်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ "ကျွန်တော်ဆိုလိုတာက အခုဆို သူက ကျွန်တော်နဲ့အိပ်ဖို့ မငြင်းတော့ဘူး။" 😂

Cheng Xi တွေးနေမိသည်မှာ...... ရှင်ဒီလောက်ထိ တဲ့တိုးပြောစရာလိုလို့လား!

Cheng Xi ၏မိဘများကမူ မည်သို့ပြန်ပြောရမှန်းကို မစဉ်းစားနိုင်တော့သည်အထိ ဖြစ်သွားကြသည်။

၎င်းတို့၏ စွမ်းအင်များအားလုံး ကုန်းခမ်းသွားသည့်ပုံပေါ်ကာ နှစ်ယောက်လုံးသည် ထိုနေရာ၌ထိုင်လျက်သားဖြင့်ပင် ဒေါသကြောင့်နီမြန်းနေသည့် မျက်နှာကြီးနှင့် ငေးကြောင်ကြည့်နေမိကြပြီး ပေါက်ကွဲသောင်းကျန်းချင်နေသည့်အလား ဖြစ်နေတော့သည်။ 'ဒီကမ္ဘာပေါ်မှာ ဘယ်သူက ဒီလိုတဲ့တိုးကြီး ပြောမှာလဲ! ပြီးတော့ ငါတို့ရဲ့သမီးနဲ့ ဘယ်လိုဆက်ဆံရေးမျိုးဆိုတာကို မသတ်မှတ်ရသေးတဲ့အခြေအနေမှာပဲ ရှိနေတဲ့မင်းလိုလူက ... သူ့မိဘတွေဖြစ်တဲ့ ငါတို့ရှေ့မှာ အခုလိုကြီးလာပြောတော့ တကယ်ကြီး သေအောင်ရိုက်ခံချင်နေတာလား။ '

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Opowieści tętniące życiem. Odkryj je teraz