အခန်း (၂၈)

902 143 4
                                    

Unicode - မင်းငါ့ကိုနမ်းပါလား။

ကလေးမလေး အနားသို့ Cheng Xi သွားကာ အငိုတိတ်အောင်ချော့လိုသော်လည်း Mr. Liu က သူမ ရှေ့မှပိတ်ရပ်လိုက်သည်။ ကလေးမလေးကို သူ့နောက်သို့ အလျင်အမြန် တွန်းပို့လိုက်ပြီးနောက် ပြောလာသည်မှာ "အနှောင့်အယှက်ဖြစ်စေမိရင် ဆောရီးဗျာ၊ ကလေးက ပေါက်ကရတွေလျှောက်ပြောနေတာ။ တကယ်လို့ တခြားဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး။"

"Mr. Liu " Cheng Xi သူ့ကိုလှမ်းတားရန် ကြိုးစားလိုက်သည်။ "ရှင့်ရဲ့အပြုအမူတွေအရ Chen Jiaman အနိုင်ကျင့်ခံရတဲ့ကိစ္စမှာ ရှင် ပါဝင်ပတ်သက်မှုရှိနေတယ်လို့ ကျွန်မကို သံသယဝင်သွားစေတယ်။"

ထိုစကားကြားသည့်အခါ ဤနေရာမှ ထွက်ခွာသွားလိုသည့် Mr. Liu ၏ခြေလှမ်းများတန့်သွားရသည်။ တစပ်တည်းမှာပင် ဇနီးဖြစ်သူကိုလှမ်းကြည့်ကာ ကလေးမလေးကိုခေါ်၍ ထွက်သွားနှင့်ရန် အချက်ပြပြီးနောက် Cheng Xi နှင့် ထိပ်တိုက်ဖြေရှင်းရန် နေရစ်လိုက်သည်။ "မင်း ဘာဆိုလိုတာလဲ၊ ပတ်သက်နေတယ်? အခုလို မဟုတ်မမှန်စွပ်စွဲတာက ရာဇဝတ်မှုမြောက်တယ်ဆိုတာကို ရှေ့နေတစ်ယောက်ဖြစ်တဲ့ မင်းက မေ့နေတာလား။"

"စိတ်မရှိပါနဲ့၊ ကျွန်မက စွပ်စွဲတာမဟုတ်ပါဘူး။ ရှင့်ရဲ့ အပြုအမူတွေက အထင်လွဲသွားနိုင်စေလောက်တဲ့ အခြေအနေမျိုး ရှိလာနိုင်တယ်လို့ပဲ ကျွန်မ ပြောတာပါ။"

"အထင်လွဲသွားစေတာမျိုး? ဘာတွေ အထင်လွဲသွားစေတာလဲ။" Mr. Liu က ရင်းနှီးဖော်ရွေကာ ကြင်နာဟန်ရှိသည့် သူ၏သည့်အသွင်ကို ကိုယ်ပေါ်မှ လုံးလုံး ဖယ်ချလိုက်ပြီဖြစ်ကာ ဒေါသတကြီးပြောလာတော့သည်။ "ဘာလဲ၊ ကလေးတစ်ယောက်ပြောတာကို မူတည်ပြီးတော့လား။"

"ကလေးတွေပြောတဲ့စကားသာ ယုတ္တိရှိတယ်ဆိုရင် သူတို့ရဲ့ထွက်ဆိုချက်တွေကို သက်သေအဖြစ် တရားရုံးမှာမှတ်ယူလို့ရပါတယ်။"

"ဒါဆိုလည်း သူ့ကိုတရားရုံး ခေါ်သွားလိုက်လေ။ အေး၊ ဒါပေမဲ့ ငါတို့သူ့ကိုဖွက်ထားလိုက်ရင် မင်းဘာတတ်နိုင်ဦးမှာ ဟုတ်လို့လဲ။" ထိုသို့ပြောပြီးသည့်အခါ Mr. Liu နောက်လှည့်သွားပြီး ခပ်သုတ်သုတ်ထွက်သွားတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now