အခန်း (၅၅)

749 126 7
                                    

Unicode - နွေရာသီ၏နေ့တစ်နေ့ထက် ပို၍ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်

Lu Chenzhou ထိုသို့ပြောပြီးနောက် သူမကို မျှော်လင့်တကြီး ကြည့်နေသည့် သူ၏မျက်နှာအမူအရာတို့က Cheng Xi မေးခွန်းမေးလာမည်ကို စောင့်နေဟန်ဖြစ်သည်။

သူမ စိတ်ထဲ၌လည်း ကိစ္စများကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရင်ဆိုင်ဖြေရှင်းသည်က ပို၍ကောင်းမည်ဟု ခံစားမိလာသည်၊ ရှင်းလင်းသည့် မေးခွန်းတစ်ခုမေးခြင်းနှင့် ပြတ်သားသည့် မေးခွန်းတစ်ခု အမေးခံရခြင်းတို့က နားလည်မှုလွဲစရာ အခြေအနေသို့ရောက်စရာ ဘာအကြောင်းမှ ရှိမည်မဟုတ်ပေ။ သို့သော် သူမမေးခွန်းမေးရန်ပြင်လိုက်ချိန်တွင် သူ၏အကြည့်တို့က သူမ ကိုယ်ပေါ်သို့ ကျရောက်လာသည်။ "မင်းကိုယ်မင်း အရင်ဆုံး ကိုယ်လက်သန့်စင်သင့်တယ်။" ထို့နောက် Lu Chenzhou မျက်မှောင်ကြုတ်ကာ သူမနောက်သို့လှမ်းကြည့်ပြီး ပြောလာသည်က "မင်းတို့မိန်းမတွေ မနက်မှာ ပထမဆုံးလုပ်တာက တစ်ကိုယ်ရေသန့်ရှင်းရေး မဟုတ်ဘူးလား။"

Cheng Xi လည်း နောက်လှည့်ကြည့်သည့်အခါ အိပ်ရာနိုးလာပြီဖြစ်သည့် ဆိုင်ရှင်အမျိုးသမီးက မျက်လုံးများပွတ်နေခြင်းဖြစ်သည်။ Lu Chenzhou ၏ ကွက်ကွက်ကွင်းကွင်း မှတ်ချက်ပြုသံကိုကြားသည့်အခါ အိပ်ချင်မူးတူးဖြစ်နေသည်တို့က သူ့မျက်နှာပေါ်မှ ချက်ချင်းပျောက်ကွယ်သွားရပြီး အခန်းထဲ၌ရှိနေသည့် တစ်ဦးတည်းသော အမျိုးသားဖြစ်သူကို နှစ်ယောက်လုံးကြည့်မိကြတော့သည်။

ထိုလူက ရိုးရိုးရှင်းရှင်း အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်တို့ကို တွဲဖက်ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ၏ရှပ်အင်္ကျီက လုံးဝတွန့်ကြေနေခြင်းတို့မရှိဘဲ သပ်သပ်ရပ်ရပ်ရှိနေသည်။ Lu Chenzhou မှာ အစကတည်းကပင် အတော်လေး ချောမောသူဖြစ်ရာ ဝတ်စားထားသည်များက သူ၏ရုပ်ရည်သွင်ပြင်ကို လူငယ်တစ်ယောက်နှင့်တူသွားစေသည်။ လူက ခန့်ညားကြည့်ကောင်းလွန်းသဖြင့် သူ့ကိုကြည့်ရသည်မှာ စားချင်စားဖွယ် အငွေ့အသက်တို့ဖြင့် စွဲဆောင်နေသည့် အရည်ရွမ်းသစ်သီးနှင့် တူနေတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now