အခန်း (၃၂)

920 151 4
                                    

Unicode - မင်းက ငါ့အပိုင်

Lu Chenzhou က အခြားသူများကို ဂရုပင်မစိုက်ဘဲ မျက်နှာတည်ဖြင့် Cheng Xi ရှိရာသို့လျှောက်လာသည်။ လက်တစ်ကမ်း အကွာရောက်သည့်အခါ သူ့ဘက်မှပြောလာသည်က "အလုပ်မှာ ကိစ္စတစ်ခုပေါ်လာလို့ ငါ အခု ပြန်တော့မယ်။"

Cheng Xi အသက်ရှုချောင်သွားသည်။ "အိုခေ။"

သို့သော် သူမ စိတ်အေးလက်အေးနှင့် သတိချလိုက်သည့်အခါ Lu Chenzhou က ရုတ်တရက် နောက်ပြန်လှည့်လာပြီး သူမ ပါးပြင်ပေါ်သို့ နမ်းလိုက်သည်။ Cheng Xi မည်သို့တုံ့ပြန်ရမှန်း မသိခင်သေးခင်အချိန်မှာပင် သူက အံ့ဩမှင်တက်နေသည့် Shen Wei ကို ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်သွားပြီဖြစ်သည်။

ကျန်လူများအားလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

ထို့ကြောင့် Cheng Xi က အသက်မပါစွာရယ်ရင်း ကြိုးစားပြုံးပြကာ "ဒါက ဒီအတိုင်းလေးပဲ ပုံမှန်နှုတ်ဆက်တာပါ၊ အဲ့ဒါထက် ဘာမှမပိုပါဘူး။"

သို့သော် သူမဘက်မှ ဆင်ခြေစကား ဖာထေး၍ မပြောပြီးသေးခင်၌ပင် အခန်းတံခါးပြန်ပွင့်လာကာ Lu Chenzhou က အထဲသို့နောက်တစ်ကြိမ် ပြန်လျှောက်လာသည်။ ယခုအကြိမ်၌မူ သူမ မျက်နှာလေးကို ကြင်နာယုယစွာသပ်ကာ သူမ နှုတ်ခမ်းလွှာပေါ်သို့ အနည်းငယ်အားထည့်နမ်းလိုက်သည်။

ထင်ထားသည့်အတိုင်း ထိုအနမ်းက အချိန်မကြာပေ၊ သူ၏နှုတ်ခမ်းတို့က သူမကို အပေါ်ယံဖြတ်တိုက်သွားခြင်းသာ ဖြစ်သည်။ Cheng Xi အနေဖြင့်ပြောရလျှင် သူ၏အပြုအမူက တပ်မက်စိတ်ဆန္ဒ၊ သို့မဟုတ် ချစ်ခြင်းတရားတို့မပါဝင်ဘဲ ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။

သို့သော် အခြားလူများ၏အမြင်၌မူ Lu Chenzhou ၏ အပြုအမူက အထက်စီးဆန်ကာ အများအမြင်ကိုပင် ဂရုမစိုက်ဘဲ သူမတို့ မည်မျှအထိ တရင်းတနှီးရှိနေကြောင်းကို ပြောပြနေသယောင်! ထိုသို့ ယူဆနိုင်သည့်အကြောင်းမှာ သူမတို့အကြင်နာပေးပြီး၍ လူချင်းပြန်ခွဲလိုက်သည့်အခါ Lu Chenzhou က သူ့လက်ဖြင့် Cheng Xi ၏မျက်နှာလေးကို ဖြည်းဖြည်းချင်းသပ်ရင်း ပြောလာပြန်သည့်စကားကြောင့်လည်း ဖြစ်နေသည်။ "မမေ့နဲ့၊ မင်းက ငါ့အပိုင်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  On viuen les histories. Descobreix ara