အခန်း (၁၃)

1.1K 164 3
                                    

Unicode - သေမှာမကြောက်ဘူး!!

Cheng Xi မတ်တတ်ရပ်လိုက်ပြီးနောက်  "အဲ့လိုဆိုမှတော့ ငါအခုသွားလိုက်မယ်လေ။"

သို့သော် သူမ ကို Shen Wei ချက်ချင်းလှမ်းဆွဲရင်း မေးပြန်သည်။ "နင်နဲ့ Lin Fan တို့နှစ်ယောက်က တကယ်ကြီး ကြိုက်နေကြတာလား။"

......မည်သို့မည်ပုံ ဖြစ်သွား၍မသိ၊ သူမ နှင့် Lin Fan တို့နှစ်ယောက် ကြိုက်နေကြပါသည်ဟူ၍ စကားပြောင်းသွားသည်။ စကားဟူသည်မှာ ကားတတ်သည့်သဘောရှိသည့်အတိုင်း တဖြည်းဖြည်းနှင့် ချဲ့ကားပြောလိုက်ကြသည်မှာ မူရင်းအဓိပ္ပါယ် ပျောက်သွားသည့်အထိပင် ဖြစ်သည်။ 'Lin Fan သည် သူမ၏ crush ဖြစ်ခဲ့သည်'ဟုသာ ပြောခဲ့ခြင်းဖြစ်သည်။

ဖြစ်ခဲ့သည်! ဖြစ်ခဲ့သည်!! အတိတ်သဘောကို သူမ ဆိုလိုခြင်းဖြစ်သည်။

Cheng Xi ကိုကြည့်ရင်း Shen Wei ရယ်ချင်စိတ်ကို ဆက်မအောင့်ထားနိုင်တော့ဘဲ - "နင် အစကတည်းက Rou ကို မပြောပြသင့်ဘူးလေ!"

ထိုကိစ္စအကြောင်း Cheng Xi ဆက်မပြောချင်စိတ်မရှိတော့သဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"နင်ကရော ဒီအချိန်မှာ အချစ်စိတ်မွှန်နေသင့်တာ မဟုတ်ဘူးလား။ ငှားထားတဲ့ စုံတွဲအခန်းတွေနဲ့ မိန်းမချောတွေ အသင့်ရှိနေတဲ့ အနေအထားမှာ နင့်ရဲ့ အသစ်စက်စက် သတိုးသားလေး စနိုက်ကြော်ခံလိုက်ရမှာကို သတိထားသင့်တယ်နော်။"

Shen Wei ထံမှ ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလာသည်မှာ "လုနိုင်ရင် လုပါစေပေါ့! အလွယ်တကူ ဖောက်ပြန်တတ်တဲ့ ယောက်ျားမျိုးဖြစ်နေမှတော့ ငါနဲ့ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ။"

ထိုသို့ပြောနေချိန်၌ သူမ ဖုန်းမြည်လာကာ မကြာခင်မှာပင် ဤနေရာသို့ Fu Mingyi ရောက်ချလာသည်။

Cheng Xi အခန်းတံခါးဖွင့်လိုက်သည့်အခါ အထဲသို့ Fu Mingyi လှမ်းကြည့်သည်။ သူ့အနောက်မှလည်း လူအချို့လိုက်ပါလာကြပြီး တံခါးရှေ့၌ ဝန်ထမ်းနှစ်ယောက်က ပန်းရောင်ဝတ်စုံပိုင်ရှင် အမျိုးသမီးကို တွဲထိန်းထားသည်။

Fu Mingyi တစ်ယောက် ယိုင်တိုင်တိုင်ဖြင့် အထဲသို့လျှောက်လာပြီး အရက်ရှိန်ကြောင့် သူ့မျက်နှာကြီးက နီမြန်းနေသည်။ သို့သော် အရက်မူးနေသည့်တိုင် ထိုမိန်းကလေးအား အထဲသို့တွဲခေါ်လာရန် ဝန်ထမ်းနှစ်ယောက်အား လှမ်းပြောလိုက်နိုင်သေးသည်။ အံ့ဩနေသည့် Shen Wei မှာ

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now