အခန်း (၁၂၃ - ခ)

235 30 1
                                    

Unicode

"ဒီတော့ ငါလည်း အခုလိုပြောပေးရတာပေါ့ကွာ၊ 'မင်း ဒီလောက်လေးတောင် မသိဘူးလား။ သူ့ဘက်က တခြားဘာကိုမှ မလိုချင်ဘူးဆိုရင်... သေချာနေပြီ၊ သူလိုချင်တာက မင်းပဲ။ ဒီတော့ မင်းကိုယ်မင်း လက်ဆောင်အဖြစ်နဲ့ သူ့ကိုပေးလိုက်လေကွာ။"

Cheng Xi ဘာတစ်ခွန်းမှပင် ပြန်မချေပနိုင်တော့။

ထိုအချိန်၌ Tian Rou က စားပွဲခုံကိုလက်ဖြင့် ရိုက်လိုက်သည်။ "ပြီးတော့၊ ပြီးတော့ရော။"

Cheng Xi ဆွံ့အသွားရပြန်သည်။ Lu Chenzhou ကိုကြည့်လိုက်သည့်အခါ ထိုလူ့ထံတွင် ယခုစကားဝိုင်းကို ရပ်တန့်မည့်အရိပ်အယောင်တို့ လုံးဝမတွေ့ရသဖြင့် သူမ ဤသို့ပြောရုံသာ တတ်နိုင်တော့သည်။ "ဒီကိစ္စထဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်တွေရှေ့မှာ ရှင်တို့ အခုလိုပြောနေတာက တကယ်ရောဖြစ်သင့်ရဲ့လား။"

သို့သော် သူမ ရလာသည့် တုံ့ပြန်မှုမှာ Tian Rou သည် သူမကို ဘေးသို့တွန်းထုတ်လိုက်ခြင်းဖြစ်သည်။ "ဘေးထွက်ပြီး ငြိမ်ငြိမ်လေးနေစမ်းပါဟယ်!" ထို့နောက် အနှောင့်အယှက်ကင်းသွားပြီဖြစ်၍ Baldy ကို ဆက်ပြောရန် အချက်ပြလေတော့သည်။

Baldy ပြောလာသည့် အကြောင်းအရာတို့မှာ Cheng Xi မှန်းထားသည့်အတိုင်းပင် ကွက်တိဖြစ်သည်။ Lu Chenzhou သည် အနီရောင်စောင်ထူထူကိုဝယ်၍ သူ့ကိုယ်သူခြုံပြီး ထိုလက်ဆောင်ထုပ်ကို သူမအား ဖွင့်ကြည့်စေခြင်းမှာ Baldy ၏အကြံအစည် အစုတ်အပျက်ပင်ဟုတ်နေသည်!

"ဟိုးခေတ်က ဖယောင်းတိုင်မီးလေးတွေနဲ့ မင်္ဂလာညစာစားပွဲလို အငွေ့အသက်မျိုး ပြန်ဖော်ထုတ်ပေးတာလေ။ ဘယ်လောက် လှပပြီး ကြည်နူးစရာကောင်းလဲ!"

ကြည်နူးစရာ? သွားသေလိုက်!

သို့သော် ထိုညက သူမ လုပ်ခဲ့မိသည့် 囧 မျက်နှာအမူအရာကို ပြန်အမှတ်ရမိသည့်အခါ Cheng Xi ဖုံးဖိ၍မရအောင်ပင် မျက်နှာတစ်ခုလုံး နီမြန်းရဲတက်သွားသည်။ ထို့နောက်၌ တည်တည်ငြိမ်ငြိမ်နှင့် ဟန်မပျက်ရှိနေသည့် Lu Chenzhou ဆီသို့ သူမ လှမ်းကြည့်လိုက်သည်။ "သူတို့နှစ်ယောက် ပေါက်ကရပြောနေတာကို ရှင် ဒီတိုင်းပဲ တကယ်ကြီး ကြည့်နေတော့မှာလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now