အခန်း (၁၀၃)

468 61 0
                                    

(T/N : ဒီနေ့တော့ နောက်ကျသွားတယ်။ 😬😬😬)

Unicode - လက်ဆောင်၊ ဒိတ် နှင့် အကြင်နာအနမ်းများ!

Cheng Xi ဖုန်းကိုင်လိုက်ချိန်တွင် သူမက Lu Chenzhou နှင့် အကြောင်းအရာတစ်ချို့ကို အကြိတ်အနယ် ဆွေးနွေးနေခြင်းဖြစ်ပြီး ဇာတ်ရှိန်မြင့်နေသည့် ထိုစကားဝိုင်း၏အလယ်တွင် ရောက်နေသည်။ ဤတစ်ကြိမ်၌ Mr. Lu က မည်သည့်စာအုပ် ဖတ်ထားသည်မသိ၊ Shen Wei မွေးနေ့ပွဲတွင် သူမအား ပိုးပန်းပါမည်ဟူ၍ ထုတ်ပြောလာပြီးချိန်မှစ၍ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရန်အတွက် လိုအပ်သည့်အရာသုံးခုကို သစ္စာရှိစွာဖြင့် နေ့စဉ်မပျက်မကွက်လုပ်ဆောင်လေတော့သည်။ ထိုအရာတို့မှာ လက်ဆောင်ပေးခြင်း၊ ချိန်းတွေ့ခြင်းနှင့် အကြင်နာအနမ်းပေးရန် တောင်းဆိုခြင်းတို့ပင်!

Shen Wei နေရာမှ ပြန်ထွက်လာသည့်အခါ စစချင်း၌ သူမမိဘများကို သွားတွေ့လိုသဖြင့် မြို့၏အစွန်အဖျားပိုင်းသို့ မောင်းသွားရန် စဉ်းစားထားခဲ့သော်လည်း လမ်းတစ်ဝက်ရောက်ချိန်တွင် လက်ဆောင်ပစ္စည်း လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးရန်အတွက် ဖုန်းဝင်လာသည်။ ထို့ကြောင့် စီမံရေးရာရုံးအဖွဲ့ကို နောက်မှသာယူမည်ဖြစ်ကြောင်း ပြောလိုက်သော်လည်း ထိုရုံးမှဝန်ထမ်းဖြစ်သူက အားတုံ့အားနာ ဖြစ်နေသည့်လေသံဖြင့် ပြောလာသည်မှာ "ဆောရီးပါနော်၊ ဒီလက်ဆောင်ကလေ လောလောဆယ် ကျွန်မတို့ဆီမှာ ဆက်ထားဖို့က အဆင်မပြေလို့ပါ။"

မတတ်နိုင်တော့သည့်အဆုံးတွင် Cheng Xi ကားပြန်ကွေ့၍ အိမ်သို့မောင်းရန်သာ တတ်နိုင်တော့သည်။ ပြန်ရောက်သည့်အခါ တစ်စီးလုံး ပန်းများအပြည့်ဖြစ်နေသည့် ပစ္စည်းပို့ထရပ်ကားတစ်စီးကို တွေ့လိုက်ရသည်။ ပန်းများက မရေမတွက်နိုင်အောင်ပင် များပြားလွန်းနေသည်ဖြစ်၍ ပစ္စည်းလာပို့သူလူနှစ်ယောက်မှာ ထိုပန်းအားလုံးကို အပေါ်ထပ်သို့ပို့ရန်အတွက် ခေါက်တုံ့ခေါက်ပြန် သယ်ရလေသည်။

သူမ နေသည့်တိုက်ခန်းမှ လုံခြုံရေးအစောင့်ဖြစ်သူပင်လျှင် Cheng Xi သည် အလုပ်ပြောင်းကာ ပန်းရောင်းသူတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုတော့မည်လားဟု တွေးမိသွားသည့်အထိဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now